Social Icons

Pages

Monday, February 27, 2012

THE BIBLE

သမ္မာကျမ်းစာ

       
        ချမ်းသာသောမိသားစုမှ လူငယ်တစ်ဦးသည် အထက်တန်းကျောင်းဆင်းတော့မည်။  ချမ်းသာသောရပ်ကွက်အသိုင်းအ၀ိုင်းတွင်မှာ  မိဘများက ဘွဲ့ရသောကိုယ့်သားသမီးတွေကို မော်တော်ကား၀ယ်ပေးသည် ထုံးစံ ဓလေ့ ရှိခဲ့ပါသည်။ လနဲ့ချီပြီး  Bill နဲ့ သူ့အဖေက ကားတွေကြည့်ရင်း ဘွဲ့ရပြီး တစ်ပတ်အလိုမှာ ပြီးပြည့်စုံတဲ့ကားကို ရှာတွေ့ခဲ့ပါတယ်။  ဘွဲ့ယူတဲ့ညမှာ ဒီကားက သူ့ကားဖြစ်မယ်ဆိုတာ Bill က သေချာသိနေပါတယ်။  
      

ဘွဲရခါနီးမှာ Bill ရဲ့ အဖေက သူကို လက်ဆောင်ထုပ်ပိုးထားတဲ့ သမ္မာကျမ်းစာတစ်အုပ်ကို ပေးတဲ့အခါ  Bill က ဒေါသအကြီးအကျယ် ထွက်သွားပါတယ် Bill သည် ကျမ်းစာအုပ်ပစ်ချပြီး အိမ်ကနေ အပြီးထွက်သွားလိုက်ပါတော့တယ်။သူနဲ့ သူအဖေက နောက်တစ်ခါမှာ ထပ်မတွေ့တော့ပါဘူး ။ နှစ်အတော်ကြာတော့မှ သူအဖေ ကွယ်လွန်သည်သတင်းကြားတော့မှ သူအိမ်သို့ ပြန်လာခဲ့ပါသည်။

Bill သည် ဖခင်၏ အမွေခံရသည်  ဥစ္စာများနှင့် ဘ၀ကို ဖြတ်သန်းသွားရာ တစ်ညတွင် ဖခင်ပေးထားသည့် သမ္မာကျမ်းစာကို တွေ့လိုက်ရသည်။ သူသည် ဖုန်မှုန့်များကို ဖယ်ထုတ် ပြီး ဟိုလှန်ဒီလှန် ဖြင့် ဖတ် ကြည့်ရနေဘွဲ့ယူသည့်နေ့ ရက်စွဲပါရှိသည့် ငွေကိုင်ချက်လက်မှတ်ကို ရှာဖွေတွေ့ရှိခဲ့ပါသည် ငွေကိုင်လက်မှတ်ပေါ်တွင် ၎င်းတို့ရွေးချယ်ထားသော ကားပမာဏအတိအကျကို တွေ့ရှိခဲ့သည်။

      




Friday, February 10, 2012

QUOTES on purposeful living

Live as if you were living  a  second time, and as though you had acted wrongly the first time.
 
Victor E.Frankl


It isn't how much we do, but how much love we put into what we do that really counts.

Mother Teresa


A life spent making mistakes is not only more honourable but more useful than a life spent doing nothing.

George Bernard Shaw


Only those who dare to fail greatly can ever achieve greatly.

Robert F.Kennedy 


Live as though it were your last day on Earth. Someday you will be right. 

Robert Anthony


Life is without meaning . You bring the meaning to it. The meaning of life is whatever you ascribe it to be. Being alive is the meaning. 

Joseph Campbell


I have found that if you love life, life will love you back.

Arthur Rubinstein


Life loves to be taken by the lapel and told, " I'm with you, kid. Let's go."

Maya Angelou


Think like a man of action, act like a man of thought .
Henri Bergson


what I have done will endure, not what I have said or written.
Mahatma Gandhi


It's not what you do once in a while, it's what you do day in and day out that makes the difference.

Jenny Craig


If I had to live my life again, I'd make the same mistakes, only sooner.

Talluah Bankhead



Even if you're on the right track, you'll get run over if you just sit there.

Will Rogers
























Thursday, February 9, 2012

အလုပ္ဆိုတာ အင္အားပါ

                   လုပ်ဆိုတာ မိမိကိုယ်ကို ဆောက်တည်ဖို့အတွက် ၊ မိမိဘ၀ကို ခိုင်ခံစွာတည်ဆောက်ဖို့အတွက် အလိုအပ်ဆုံးအင်အားဖြစ်ပါတယ်။ အလုပ်မလုပ်ဘဲ ဘယ်နှစ်သက်စားမတုံး ။ ငွေဆိုတာ လိုမှမလို အပ်တာပဲ ။ ဒါကြောင့် အလုပ်မလုပ်တာလို့ ပြောတတ်တဲ့လူတွေ အခုခေတ်မှာတော့ အတော့်ကို နည်းပါးသွားပြီလို့ ယူဆပါတယ် ။
          အလုပ်လုပ်တယ်ဆိုတာ စားဝတ်နေရေးအတွက် လုပ်တယ်ဆို တာတော့မှန်ပါတယ် ။ ဒါပေမဲ့ တစ်ပြိုင်နက်တည်းမှာ အခြားသောတန်ဖိုး များကိုလည်း ရချင်လို့ အလုပ်လုပ်တာ ဖြစ်ပါတယ် ။ အခြားသော တန်ဖိုးများ ဒါမှမဟုတ် အင်အားများဟာ တကယ်တော့ မိမိကိုယ်ကို ဆောက်တည်နိုင်သောအင်အား ၊ အမှားနဲ့အမှန်ကို ခွဲခြားနိုင်သော စိတ်အင်အား ၊ ကုန်ဆုံးသွားတဲ့ ကိုယ်စွမ်းအား ၊ ဥာဏ်စွမ်းအားများကို ပြည်လည်ဖြည့်ဆည်းချင်သော အစွမ်းအစတို့ကို လဲ အလုပ်လုပ်ရင်း ရလာနိုင်ပါတယ် ။
          အလုပ်မလုပ်တဲ့သူဟာ ဆက်ဆံရတဲ့သူ အရေအတွက် နည်းပါးပါတယ် ။ အလုပ်လုပ်တဲ့နေရာမှာ ဆက်ဆံရတာက လူအနေနဲ့သာ အရေအတွက် များပြားတာမဟုတ်ဘဲ လူအမျိုးအစားလဲ များပြားတာကို တွေ့ရပါတယ် ။
           ကိုယ်ကအားကျပြီး အတုယူရတဲ့သူများကို ကိုယ့်ထက်ငယ် တဲ့ သူများထဲမှာလဲ တွေ့နိုင်ပါတယ် ။ ကိုယ်က အားကျတဲ့ အနေအထားမှာ ရှိနေပေမဲ့ အမှားတွေ ၊ ချို့ယွင်းချက်တွေ တစ်လှေကြီးနဲ့ အများတကာကို စိတ်ဆင်းရဲစေတဲ့ သူများကိုလည်း တွေ့နိုင်ပါတယ် ။
            လူအင်အားကို အသုံးမချတတ်လို့သာ မချဘဲနေတယ်ဆို ရင်တော့ မထောင်းသာဘူးပေါ့ ။ ဒါပေမဲ့ ကိုယ့်အပေါ် အမြင်မကြည်လင်ဘဲ ၊ နေရာမပေးဘဲ ထားခဲ့တာတို့ ၊ ပွဲမထုတ်တာတို့ စတဲ့ ချန်ခဲ့ တဲ့ ၊ နှိမ်ခဲ့တဲ့ သူမျိုးတွေနဲ့လဲ ဆက်ဆံရမှာပါပဲ ။
         အဲသလိုလူမျိုးတွေနဲ့ ဆက်ဆံပြီဆိုရင် ဘယ်သူမှ စိတ်မချမ်း သာနိုင်ပါဘူး ။ စိတ်မချမ်းသာတာနဲ့အမျှ အမှားအယွင်းများ လုပ်မိတတ်ပါတယ် ။ ပထမဆုံးက မိမိကိုနှိမ်တယ်လို့ ထင်တဲ့သူ ( ကိုယ်ထက်လုပ်ပိုင်ခွင့်ရှိတဲ့သူ ) ရဲ့အတင်းကို ပြောမိတတ်တာပါပဲ ။ ဒါမှမဟုတ် သူ့ကို ဆန့်ကျင်တဲ့သူများနဲ့ ပေါင်းမိပြီး ကိုယ်ကပါရောပြီး ဆန့်ကျင်တတ်တာပါပဲ ။
            ကျွန်မကတော့ အဲသလိုလုပ်ရင် ပိုပြီးဆိုးသွားမယ်လို့ ယူဆ ပါတယ် ။ သူတစ်ပါးရဲ့အနှိမ်ကို ခံရပြီလို့ ဆိုကတည်းက ကိုယ့်အနေ အထိုင်မှာ သူတစ်ပါး မနှစ်မြို့စရာ တစ်ခုခု မှားချင်မှားနေပါလိမ့်မယ် ။ မမှားဘူးဆိုရင်လဲ ကိုယ်ရဲ့ သံသရာ ဘ၀အဆက်ဆက်က အကုသိုလ် အကျိုးပေးချိန်ဖြစ်ကောင်းဖြစ်နေပါမယ် ။ အဲသလိုဆိုရင်တော့ သတိကြီးစွာထားပြီး အားကိုးရမှာက မိမိရဲ့အလုပ်ပဲ ဖြစ်ပါတယ် ။ အလုပ်ဆိုတာ ကံပဲဖြစ်ပါတယ် ။ လောကီအလုပ်ကို လုပ်နေသည်ဖြစ်စေ စေတနာကောင်းထားပြီးလုပ်မယ် ။ ဘယ်သူ့တရားပျက်ပျက် ကိုယ့်ဘက်က မပျက်အောင် ဆောက်တည်ပြီး လုပ်မယ် ။ အင်မတန်ခက်ခဲပင်ပန်းပေမယ့် ကိုယ်အပေါ်မှာ မကောင်းတဲ့သူအပေါ် ကိုယ်ကအာဃာတနဲ့ ဒေါသနဲ့ မတုံ့ပြန်ဘဲ ခန္တီနဲ့ မေတ္တာနဲ့ တုံ့ပြန်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ကိုချလိုက်စေလိုပါတယ် ။
           ကျွန်မပြောခဲ့တဲ့ အထဲမှာ အင်မတန်ခက်တဲ့အလုပ် ဖြစ်ပါ တယ်လို့ ပြောခဲ့ပြီးပါပြီ ကိုယ့်ကို အမြဲလိုလို အပြစ်ရှာနေတဲ့သူ ၊ ဆူပူချင်တဲ့သူ ၊ နှိမ်ချင်တဲ့သူနဲ့ ကိုယ်ရန်မဖြစ်အောင် နေရုံမကဘဲ မေတ္တာထားရမယ်ဆိုတာ အများကြီးခက်ခဲပါတယ် ။ ခန္တီဆိုတဲ့ အမှန်အကန်မဟုတ်တဲ့ မနိုင်လို့သည်းခံရခြင်းကတော့ အစဉ်လက်ကိုင်ထားနေကြ ရတာကိုး ။ ဒါပေမဲ့ အကျိုးမမဲ့ပါဘူး ။ မနိုင်မှ မနိုင်ဘဲ သည်းခံနေအုံးမှာ ပေါ့ ။
          ကိုယ်က ကိုယ့်အပေါ် မကောင်းတဲ့သူကို မေတ္တာ မထားနိုင်ရင် မိမိကိုယ်ကိုရော မိမိက မေတ္တာမထားနိုင်ဘူးလား ။ ကိုယ့်ကိုက်ကို မချစ်ဘူးလား ။ ချစ်တာပေါ့ ။ အဲသလိုဆိုရင်တော့ ကိုယ်အပေါ် မကောင်းတဲ့သူရဲ့အကြောင်းကို တတ်နိုင်သမျှ ခေါင်းထဲ ထုတ်ထား လိုက်ပါ ။ ရင်ဆိုင်ရတဲ့ အခါတော့ မျက်စိမှ မှိတ်ထားလို့ မရဘဲလေ ၊ ပြောရဆိုရ ဆက်ဆံရအုံးမှာပေါ့ ။ ဒါပေမဲ့ ကိုယ်အချိန်ကိုတော့ သူ့အတွက် ဖဲ့မပေးပါနဲ့တော့ ။
          အဲဒီအချိန် ကိုယ့်စိတ်ထဲမှာ ၊ ကိုယ့်အတွေးထဲမှာ ကြီးစိုးနေရ မှာက ကိုယ့်အလုပ်မှာ ဘယ်လိုဟာကွက်တွေရှိသလဲ ။ အဲဒီဟာကွက်တွေကို သူများလက်ညှိုးမထိုးနိုင်အောင် ဘယ်လိုပြုပြင်ထားမလဲ ၊ ကိုယ့်အလုပ်မှာ ပိုမို တိုးတက်မှုတွေရှိလာအောင် ဘယ်လို ဆက်လက်လေ့လာ မလဲဆိုတဲ့အင်အားပါသော စီမံချက်များ ဖြစ်သင့်ပါတယ် ။
       အထူးသဖြင့်ရှောင်ချင်တာက ဗေဒင်မေးတာ ၊ ယတြာချေတာ ၊ သူများကို ဓာတ်ရိုက်ပေးတာ စတဲ့အလုပ်များပဲ ဖြစ်ပါတယ် ။ အဲဒီလုပ်ငန်းများဟာ အချိန်ကုန်ပါတယ် ။ လူပင်ပန်းပါတယ် ။ ပြီးတော့စေတနာဆိုးများ ပါသွားတတ်ပါတယ် ။ အကောင်းဆုံး ယတြာကတော့ မိမိရဲ့ ကိုယ်စိတ်နှလုံးကို အသန့်စင်ဆုံး ဖြစ်အောင်ထားပြီး အလုပ်ထဲမှာ ရှိရှိသမျှ စိတ်အားကိုယ်အားကို နှစ်ထားလိုက်ခြင်း ဖြစ်ပါတယ် ။
       အဲသလို မိမိရဲ့စိတ်နှလုံးကို အသန့်စင်ဆုံးထားပြီး ကိုယ့်ကိုယ်ကိုပြောလိုက်ပါ ။ အခု ကံဆိုးနေတာ အမြဲမဟုတ်ဘူး ။ ကံက ကြိုးစားမှုနဲ့ ပေါင်းပြီး ကောင်းသင့်တာထက်တောင် ပိုကောင်းလာအုံး မှာလို့ပြောလိုက်ပါ ။ အဲဒီနောက်တော့ အင်အားထုတ်ပြီး အလုပ်ကို လုပ်လိုက်ပါ ။ မိမိထုတ်တဲ့အားဟာ ဆုံးပါးသွားတဲ့အား မဟုတ်ပါဘူး ။ အလုပ်ထဲက တန်ပြန်ရရှိလာမဲ့အားဟာ တစ်ဆနှစ်ဆ ပိုများပါတယ် ။            အလုပ်ထဲမှာ စိတ်နှစ်ထားတဲ့အတွက် မကောင်းသောအတွေး ၊ မကောင်းသောအကြံများ မ၀င်အောင် တားဆီး ထားနိုင်ပါတယ် ။ ပြီးတော့ အလုပ်လုပ်ရာမှာ လုပ်ရိုးလုပ်စဉ်လုပ်တာထက် စိတ်အားပိုထည့်ပြီး လုပ်တော့မှ အရင်က မမြင်သေးတဲ့ အသိအမြင်တွေ ၊ အတွေးအခေါ်တွေ ပိုပြီးရလာနိုင်ပါတယ် ။ အဲဒီအခါမှာ မိမိဘာသာ အားတက်ရပါမယ် ။
      အလုပ်ကိုတည်တည်ငြိမ်ငြိမ်ဖြစ်အောင် ကြိုးစားအားထုတ် လုပ်ကိုင်ခြင်းဟာ တည်ကြည်သူ ၊ စိတ်ကောင်းရှိသူများက နှစ်ခြိုက်သဘောကျစေနိုင် တဲ့ အရည်အချင်း ဖြစ်ပါတယ် ။ အဲဒီနည်းနဲ့ မိမိတစ်ဘ၀လုံးအတွက် တန်ဖိုးထားကာ လေးစားခင်မင်ရမယ့် ကလျာဏမိတ်ဆွေကောင်းများ ရလာနိုင်ပါတယ် ။
            အလုပ်လုပ်ရင်း မိမိဟာ အရင်ကထက်ပိုပြီး ပြည့်ဝလာတာ စိတ်ဓာတ်ခိုင်မာလာတာကို မိမိဘာသာ ပြန်လည် ခံစားလို့ ရပါတယ် ။ အဲဒီလို ခံစားချက်များကြောင့်လည်း မူလက ညှိုးငယ်ခဲ့တယ်ဆိုရင်တောင်မှ တစ်စတစ်စနဲ့ ပိုပြီး ကိုယ်ရည်ကိုယ်သွေး တက်လာပါလိမ့် မယ်။
               အလုပ်ကို လုပ်ဖို့မလိုဘူးလို့ ယူဆလို့ မလုပ်ဘဲနေသူ များရဲ့ ဘ၀ဟာ တွေ့အကြုံအရ မကြွယ်ဝနိုင်ပါဘူး ။ မိမိကို လူတကာ က ဖူးဖူးမှုတ်ထားတယ် ၊ မကောင်းမပြောဘူးဆိုရင်လဲ ၀မ်းသာစရာ မ ဟုတ်ပါဘူး ။ တစ်ခုခုကြောင့်သာ မှတ်လိုက်ပါ ။
               တစ်ကယ့်တော့ အမြင့်အနိမ့် အတက်အကျ စုံလင့်တဲ့ ဘ၀မျိုးကို ရင်ဆိုင်ပြီး မိမိကိုယ်ကို ထိန်းနိုင်မှ အင်အားက တစ်ကယ်ပြည့်လာနိုင်ပါတယ် ။

                                                          မြ၀တီဂျာနယ်
                                                    ဒေါက်တာမတင်ဝင်း
                                                   ( ပညာရေးတက္ကသိုလ် )



 
Blogger Templates