Social Icons

Pages

Tuesday, October 28, 2014

ဆက်ဆံရေး

ဘာကို အခြေခံပြီး ဆက်ဆံမလဲ 


လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကိုယ့်ရဲ့ အရည်အချင်းတွေနဲ့
ကိုယ့်ရဲ့ ဘဝဦးတည်ချက်ကို အခြေခံပြီးတော့ ဆက်ဆံမှ
လေးနက်တဲ့ ဆက်ဆံရေးဖြစ်မယ် ။

       
        လူတွေဟာ သူများက ကိုယ့်အကြောင်းကို ဘာပြောနေကြသလဲ သူများက ကိုယ့်ကိုဘယ်လို ထင်
ကြသလဲဆိုတာကို မှီပြီးတော့ ကိုယ့်ကိုယ်ကို ဘယ်လိုဆိုတဲ့ စိတ်မျိုးဖြစ်တယ် ။  
                 အခုခေတ်လူတွေဟာ ပတ်ဝန်းကျင်ပေါ်မှာ ၊ တခြားလူတွေပေါ်မှာ မှီခိုမှု အင်မတန် ကြီးမားလာ တဲ့အတွက် ပတ်ဝန်းကျင်က လူတွေကမှ သူ့ကို တစ်နည်းနည်းနဲ့ အသိအမှတ်မပြုလို့ရှိရင် သူပျောက်သွား တော့မတတ် စိတ်ထဲမှာ ခံစားရတယ် ။ ဒါကြောင့် social acceptance လို့ခေါ်တဲ့ ပတ်ဝန်း ကျင်အသိုင်းအဝိုင်းက ကိုယ့်ကိုလက်ခံတာ ၊ ကိုယ့်ကို ခဏခဏ အလည်ခေါ်တာတို့ ဖိတ်တာတို့ လုပ်တာ၊ ကိုယ့်ကို သဘောကျတာဟာ ကိုယ်ရဲ့အဖော်မဲ့ အထီးကျန်ဖြစ်နေတဲ့ ခံစားချက်ကို ခဏသက်သာစေတယ် ။ ငါ့မှာ အဖော်ရှိတယ်ဆိုတဲ့ ခံစားချက် ဖြစ်တယ် ။
                 သူ့အနားမှာ လူတွေဝိုင်းပြီးတော့ သူပြောတာကို နားထောင်နေတယ် ။ အဲဒီအဖွဲ့ထဲမှာ အုပ်စု ထဲမှာ ရောနှောပြီးတော့ တသားထဲ ဖြစ်သွားတယ် ။ အဲဒီလို ဝိုင်းဖွဲ့ပြီးတော့ ကိုယ့်ကိုယ်ကို မေ့ပျောက်ပြီး      တော့ ဘာမှအရေးမကြီးတာတွေကို အဆက်မပြတ်ပြောနေရတဲ့ အချိန်မှာ ကိုယ့်အကြောင်းကို ကိုယ် မတွေးမိတော့ဘူး ။ ကိုယ့်ဘဝကို ကိုယ် မတွေးမိတော့ဘူး ။ ကိုယ်အဖော်မဲ့နေတာကို မတွေးမိတော့ဘူး ။  အဲဒီအချိန်မှာ ခဏလောက် loneliness ခံစားမှုက ပျောက်သွားတယ် ။
                 အဲဒီလို ခဏသက်သာအောင်ပဲ လုပ်နေတဲ့သူက ခိုင်မာရင့်ကျက်တဲ့ စိတ်ဓာတ်ကို မရနိုင်ဘူး ။ loneliness ခဏပျောက်သွားတာနဲ့အတူ လေးနက်တဲ့ ဦးတည်ချက် ရည်မှန်းချက် ၊ ရင့်ကျက်တဲ့ စိတ်နေ သဘောထားတွေကို လေ့ကျင့်ပြုစုပျိုးထောင်ဖို့ အခွင့်အရေးတွေလည်း ဆုံးရှုံးသွားတယ် ။ အဲဒါ သူပေးလိုက်
 ရတဲ့ လူစုလူဝေးထဲမှာပဲ ကိုယ်ပါ ပျောက်သွားတယ် ။ ကိုယ့်ဘဝပါ ပျောက်သွားတယ် ။
              အဲဒီလိုလုပ်လိုက်ခြင်းအားဖြင့် loneliness ဆိုတာကို ကျော်လွန်နိုင်ဖို့ ၊ လွန်မြောက်နိုင်ဖို့ အတွက် အရေးကြီးဆုံးဖြစ်တဲ့ ကိစ္စ တစ်ခုကို ဆုံးရှုံးသွားပြီ ။ Loneliness ဆိုတာကို ကျော်လွန်နိုင်ဖို့ ၊ လွန်မြောက်နိုင်ဖို့ အရေးကြီးဆုံးဖြစ်တဲ့အလုပ်ဟာ ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ အရည်အသွေးတွေ ၊ အရည် အချင်းတွေကို ထွက်ပေါ်လာအောင် ၊ တိုးတက်လာအောင် ၊ အားကောင်းလာအောင် ၊ ပြုစုပျိုးထောင်ဖို့ဆိုတဲ့ အလုပ်ပဲ ။
                 ခဏသက်သာအောင်လုပ်တဲ့သူဟာ သူ့စိတ်ထဲမှာ အင်အားရှိတဲ့ သူတစ်ယောက်ဖြစ်အောင်  လုပ်ဖို့ ခဲယဉ်းသွားပြီ ။ ပြီးတော့ Sense of direction ဆိုတဲ့ ကိုယ်ဘယ်ကို ဦးတည်ပြီးသွားနေသလဲ ၊ ကိုယ့်ဘဝမှာ အရေးကြီးဆုံးအလုပ်က ဘာလဲ ၊ အဲဒါလဲ မသိတော့ဘူး ။ အပေါင်းအဖေါ်နဲ့ အချိန်များများ     ဖြုန်းတဲ့သူဟာ လေးနက်တဲ့ ဘဝဦးတည်ချက်ကို မျက်ခြေပြတ်သွားမယ် ။
                     ကိုယ့်စိတ်ထဲမှာရှိတဲ့ အင်အား ကိုယ့်စိတ်ထဲမှာရှိတဲ့ အရည်အချင်းတွေနဲ့ ကိုယ့်ရဲ့ဘ၀ ဦးတည်ချက်ကို အခြေခံပြီးတော့ လူတွေနဲ့ထိထိရောက်ရောက် ဆက်ဆံသွားရမှာနော် ။ အရည်အချင်း မရှိ တဲ့သူ ၊ လေးနက်တဲ့ ဦးတည်ချက် မရှိတဲ့သူဟာ အဓိပ္ပ္ပ္ပါယ်ရှိတဲ့ ဆက်ဆံရေးကို မတည်ဆောက်နိုင်ဘူး ။
                    ခဏလောက် အဖေါ်မဲ့တဲ့ခံစားမှု သက်သာအောင် လုပ်တဲ့သူဟာ လေးနက်တဲ့ဦးတည်ချက် ရှိအောင် မလုပ်နိုင်တော့ဘူး ၊ အဲဒီတော့ သူဟာ ဘယ်လို ဖြစ်သွားမလဲဆိုရင် ၊ မရေရာတဲ့လူတစ်ယောက် ဖြစ်သွားမယ် ။ အဲသလို မရေရာတဲ့သူဟာ အဖော်မဲ့အထီးကျန် ပိုပြီးတော့ဖြစ်မယ် ။
                   လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကိုယ့်ရဲ့ အရည်အချင်းတွေနဲ့ ကိုယ့်ရဲ့ ဦးတည်ချက်ကို အခြေခံ ပြီးတော့ ဆက်ဆံမှ လေးနက်တဲ့ ဆက်ဆံရေးဖြစ်မယ် ။ ဘာအရည်အချင်းမှ မရှိတဲ့သူ ၊ ဘာဦးတည်ချက်မှ မရှိတဲ့သူဟာ ဘာကို အခြေခံပြီး ဆက်ဆံမလဲ ။
                   Hollow ဖြစ်နေတဲ့သူတွေဟာ ချစ်တတ်ဖို့ရာအတွက် သူတို့မှာ အခြေခံမရှိဘူး ။ သူတို့က loneliness ပျောက်ဖို့ပဲ ကြိုးစားနေရတယ် ။              

ဆရာတော် ဦးဇောတိက 




Thursday, March 20, 2014

သဘာ၀တရား





               ကောင်းတာလုပ်ပြီး အကောင်းအပြောမခံရဖူးဆိုပြီး ကိုယ့်ဘ၀ကို မကျေမနပ်ဖြစ်မနေကြပါနဲ့
 လောကကြီးကိုလဲ အပြစ်တင်ပြီး ကိုယ်ဘ၀ကို ရွဲ့စောင်းမပစ်လိုက်ပါနဲ့  လောကကြီးက မျှတလွန်းပါတယ်  လောကကြီးက သူ့သဘာဝအတိုင်း သူ့ ရှိနေ ရပ်တည်နေတာပဲ .. လူဘ၀ဆိုတာကလဲသူသဘာဝအတိုင်း   သူဖြစ်နေတာပါ ....လူဘ၀ဆိုတဲ့ သဘာဝတရားကို လူတွေက လျှစ်လျူရူနေကြလို လောကကြီးကို တရားမျှတမှုမရှိဖူးဆိုပြီး မှတ်ချချက် ပြောဆိုနေတတ်ကြတာကိုကလည်း သဘာဝလို ဖြစ်နေပါပြီ ....
                တစ်ကယ်တော့ လူ့ဘ၀ဆိုတဲ့ သဘာဝတရားက . အကောင်းဆိုတဲ့ တန်ဖိုးတရားကိုနားမလည်
တဲ့သူက ကောင်းတယ်ဆိုတဲ့ အရာကို သူမသိဖူး ....အဲလိုအချိန်မှာ ကောင်းတာလုပ်ပြီး အကောင်း
အပြောမခံရဖူး     မမြင်ကြဖူးဆိုတာ မျိုးတွေ ဖြစ်ကုန်ရော ... သဘာဝတရားကိုက ဒီအတိုင်းပါပဲ ... တရားမျှတလွန်းပါတယ် လူဆိုတာ ကိုယ်စိတ်နဲ့ပဲ အရာရာကို တိုင်းတာကြည့်တတ်မြင်တတ်ကြတယ်လေ . သူခိုး လူလိမ် လူလည်တစ်ယောက်က ရိုးသားမူတန်ဖိုးကိုသူမှမသိတာ.... မသိတော့ ရှိတယ်လိုလဲ ထင်မှာ
မဟုတ်သလို  လောကမှာ ရိုးသားတဲ့သူမရှိဖူး... လူမှန်ရင် လည်ရမယ် ၊ လိမ်ရမယ်ဆိုတဲ့အရာပဲ သူစိတ်ထဲ
မှာရှိမယ် .. ဒီလိုပဲ မေတ္တာတရားနားမလည်တဲ့ သူက မေတ္တာတရားကြီးမားတဲ့သူကို လူအ ငတုံးလို 
ထင်ပြန်တယ် .. အေးမြတဲ့ မေတ္တာရဲ့ အနှစ်သာရတန်ဖိုးကို သူမှနားမလည်တာလေ ...ဒီတော့ အပြစ်
ပြောမယ် .. တစ်ကိုယ်ကောင်းဆန်တဲ့ သူကလဲ ကိုယ်ချင်းစာတရား ဆိုတာကို သူနားလည်မှာ မဟုတ်ဖူး .... ဒါကြောင့် .. ဘာကြောင့် အပြစ်တင်မကျေမနပ်ဖြစ်နေရမှာလဲ ။
               ကိုယ်ရဲ့ကောင်းတဲ့ စိတ်ကလေးကို မွေးထုတ်ပေးတဲ့ မိဘကို ကျေးဇူးတင်ပြီး ကိုယ့်ကိုယ်ကို
ဂိုဏ်ယူလိုက်စမ်းပါ ...ပြီးတော့ ကောင်းတဲ့စိတ်လေးကိုထိန်းသိမ်းပြီး... မေတ္တာမဲ့တဲ့သူကို မေတ္တာတရား
နားလည်လာ အောင်ပြသ ... တစ်ကိုယ်ကောင်းဆန်တဲ့သူကို ကိုယ်ချင်းစာတရားရှိရင် ဘာမဆို အဆင်ပြေ
တယ်ဆိုတာကို ကိုယ်ရဲ့ကောင်းတဲ့စိတ်ကလေးနဲ့ ပြသလိုက်ပါ...အပြစ်ပြောနေတဲ့ သူတွေကို အပြစ်ပြန်
သွားမမြင်မိပါစေနဲ့ အပြစ်သွားမြင်ပြီး မကျေမနပ်ဖြစ်နေရင် ကိုယ်လဲ သူလိုပဲဖြစ်သွားမှာပဲ  ပြီးတော့ အမှန်တရားတွေ ၊ ကိုယ့်ရဲ့ကောင်းမွန်တဲ့စိတ်ဓာတ်တွေက ပျောက်ကွယ်ပျောက်ဆုံးသွားလိမ့်မယ် ...။
               သဘာဝတရားကို နားလည်ပြီး စိတ်ကျေနပ်လိုက်ပါ ...
               လောကကြီးကမျှတပါတယ် ....
               လူဘ၀ဆိုတာကလဲ မျှတပါတယ် .....
          ကောင်းတာကို တန်ဖိုးထားနားလည်တတ်တဲ့သူ ပေါ်လာရင် သင့်ကိုအကောင်းပြောလာမှာပါ
ဒါမှမဟုတ် ကောင်းတာကိုသူတို့တွေ နားလည်လာတဲ့တစ်နေ့ သင့်ကို အကောင်းပြောလာ ၊ မြင်လာကြမှာပါ ။ ကောင်းတာလုပ်နေသရွေ့ သင့်မှာ ကောင်းမွန်တဲ့အရာတွေ အမြဲရှိနေပါတယ် ။

( ၂၀-၀၃ ၂၀၁၄ )




              

Friday, March 14, 2014

အသေးအဖွဲ့

     

မီးဟုန်းဟုန်း

တောက်တာက

မီးစမီးပွားလေးကြောင့်ပါ ၊

ဒေါသမီးစ

မထားပါနဲ့  ။
                                         
                                                                ( ဓမ္မဒူတ အရှင်ဆေကိန္ဒ )


      “ အကြီးမြတ်ဆုံးသော ဘ၀များသည် အသေးအဖွဲ့ ကလေးများဖြင့် ဖွဲ့စည်းတည်ဆောင်ထားသည်   ”


            တစ်ချိန်က ကမ္ဘာအင်အားကြီးနိုင်ငံများ ဖြစ်ခဲ့သော အင်္ဂလန် ၊ ပြင်သစ် ၊ တူရဂီ နှင့် ရုရှားတို့ပါဝင်
ဆင်နွဲ့သော ခရိုင်မီယံစစ်ပွဲသည် လူသူအိုးအိမ်ပစ္စည်းတွေ သောက်သောက်လဲ သေကျေပျက်စီးအောင်
ဖန်တီးခဲ့၏ ။ ထိုစစ်ပွဲစတင်ဖြစ်ပွားသည့်အကြောင်းရင်းမှာ သော့တစ်ချောင်းကို အပ်နှံရန်
 ငြင်းဆန်ခဲ့သောကြောင့် ဖြစ်လေသည် ။
              ဂျေရုစတင်မြို့မှ ဘုရင်းကျောင်းတစ်ကျောင်းတွင် ဌာပနာကြုတ်တစ်ခုရှိ၏ ။ ထိုဌာပနာကြိုတ်ကို
 ဂရိဘုရားကျောင်းက သူတို့ပိုင်သည်ဟုဆိုပြီး သော့ခတ်ထားလိုက်သည် ။ ပြီးတော့ သော့ကို ပေးအပ်ဖို့
 ငြင်းဆန်သည် ။ ထိုသို့ ငြင်းဆန်သည့် အတွက် လက်တင်ဘုရားကျောင်းက စိတ်ဆိုးသည် ။
အငြားပွားမှု ပြင်းထန်လာသောအခါ ရုရှားက ဂ၇ိဘုရားကျောင်းဘက်မှ ၀င်ရောက် ရပ်တည်သည် ။
 ပြင်သစ်ကလက်တင်ဘုရားကျောင်းဘက်မှ ရပ်တည်သည် ။သို့ဖြင့်အခြေအနေတွေ ရှုပ်ထွေးလာတော့၏ ။
 ရုရှားက တူရဂီအနေဖြင့် ဘုရားကျောင်းကို ပြင်ဆင်မှုအချို့ လုပ်ပေးရမည်ဟုတောင်းဆို၏ ။
တူရဂီက တောင်းဆိုချက်ကို  ငြင်းပယ်သည် ။ ထိုအခါ တူရဂီ ကို  ကူညီနေကျဖြစ်သည့်အင်္ဂလန်က
 တူရဂီဘက်မှဝင်ပြီး မားမားရပ်တော့၏ ။ သို့ဖြင့် ရှရှားကို ဆန့်ကျင်ပြီး ပြင်သစ်နှင့် မဟာမိတ်ဖွဲ့လိုက်၏ ။
                ထိုသို့ အသေးအဖွဲ့ကလေးများကို ထိပ်တန်းတင်ခြင်း ၊ရွံရှာစက်ဆုပ်ဖွယ် ရန်စခြင်းတို့ကြောင့်
တန်ဖိုးကြီးစွာ ပေးဆပ်ရသော မာလာကော့မြို့သိမ်းတိုက်ပွဲကြီး ဆင်နွှဲဖြစ်တော့၏ ။ ဆီဘတ်စတိုပိုမြို့ရှေ့ရှိ
ကတုတ်ကျင်းတွင်းထဲတွင် ရဲစွမ်းသတ္တိ နှင့် ပြည့်စုံသော ယောက်ျားကောင်းတွေ ထောင်ပေါင်းများစွာ
 သေကျေပျက်စီးခဲ့ရ၏ ။
                “ အမှိုက်ကစ ပြာသာဒ်မီးလောင်   ”   ဟူသော မြန်မာစကားပုံ ရှိပါသည် ။
               
                   ထိုနည်းတူ .....

                 ` ဘိုလိုးညား  ` အမည်ရှိ ရေတွင်းတစ်တွင်းမှ ရေပုံးတစ်ပုံးကြောင့် စစ်ပွဲနှစ် နှစ်ဆယ်မျှ
 ဖြစ်ခဲ့ရသော သမိုင်းကြောင်း တစ်ခု အထင်အရှားရှိခဲ့ပါသေးသည် ။

                                                       Modena vs. Bologna


                    “ မိုဒီနာ၏ ရေပုံး ” အမည်ရှိ ပန်းချီကားသည် အလွန်နာမည်ကြီး၏ ။ အဆိုပါ ပန်းချီကားသည်
ပိုက်စိကင်း၏ “  ခိုက်ရန်ဖြစ်ပွားခြင်း၏ အစ  ” ဟူသော စကားကို သရုပ်ဖော်ထားခြင်း ဖြစ်၏ ။
                      ၁၀၀၅ ခုနှစ်တွင် မိုဒီနာတွင် တပ်စွဲထားသည့် ဓနသဟာယတပ်မှ စစ်သားအချို့သည်
ဘိုလိုညားအမည်ရှိ အများပြည်သူပိုင် ရေတွင်းတစ်တွင်းမှ ရေပုံးတစ်ပုံးကို ယူပြီးထွက်ပြေးသွားကြ၏ ။
အဆိုပါ ရေပုံးမှာ တန်လှလျှင် တစ်သျှီလင်သာ ရှိ၏ ။ သို့သော် သည်ရေပုံးကလေး တစ်ပုံးပေါ်တွင်
အခြေခံပြီး ငြင်းခုံ ရန်ဖြစ်လိုက်ကြသည်မှာ စစ်ပွဲကြီးတစ်ပွဲ ပေါ်ပေါက်လာသည့်အထိ ဖြစ်လေသည် ။
အဆိုပါ စစ်ပွဲသည် နှစ် နှစ်ဆယ်မျှ ကြာမြင့် ခဲ့လေသည် ။

                                                                                              THE SECRET OF ACHIEVEMENT
                                                                                               
                                                                                                        




Thursday, March 6, 2014

ဂုဏ်သတင်း


                       လူတစ်ဦး၏ ဂုဏ်သတင်းကျော်စောမှုသည် အရိပ်နှင့်တူ၏ ။
                       အရိပ်သည် တစ်ခါတစ်ရံ လူ၏ အနောက်မှ လိုက်၏ ။ တစ်ခါတစ်ရံ ရှေ့မှ သွား၏ ။
အခါအားလျှော်စွာ လူထက်တိုသွား၏ ။ အခါအားလျှော်စွာလူထက် ရှည်သွား၏ ။
                       ဂုဏ်သတင်းကျော်စောမှုကို မည်သည့်နည်းဖြင့် ရရှိထားသည်ဖြစ်စေ ၊ အကျင့်စရိုက်ကို တည်မှီ၍ ဖြစ်ပေါ်လာသော ဂုဏ်သတင်းမဟုတ်ပါက အချိန်တန်လျှင် မှေးမှိန်ပျောက်ကွယ်သွားမည်သာ
ဖြစ်ပေသည် ။
                    စစ်မှန်သော အကျင့်စရိုက်နှင့် ဂုဏ်သတင်းကျော်စောမှုသည် သစ်ပင်တစ်ပင်နှင့် ၎င်းသစ်ပင်၏ အသက်သွေးကြောနှင့် တူ၏ ။ ၎င်း အသက်သွေးကြောကြောင့် သစ်ပင်၏ အကိုင်းအခက် နှင့် အရွက်များ ဖားဖားဝေလာရသည် ။ ထို့ကြောင့် ဂျေ- ဂျီ- ဟော်လန်က '' အကျင့်စရိုက်သည် လူ၏ အတွင်း၌
တည်ရှိပြီး ဂုဏ်သတင်းကျော်ကြားမှုသည် လူ၏ ပြင်ပ၌ တည်ရှိသည် '' ဟု ပြော်ခဲ့ခြင်းဖြစ်ပေမည် ။

                                                                                                  The Secret Of Achievement
                    
 
Blogger Templates