Social Icons

Pages

Tuesday, September 3, 2013

HOPE

           အလုပ်တစ်ခုကို  ကောင်းကောင်းလုပ်ပေးရင် ထူးပြီး ကြောညာစရာမလိုပါဘူး ။ ကောင်းသတင်းက သူ့ဘာသာသူပြန့်သွားမှာပါပဲ ။ မိမိအပေါ် တမ်းတမ်းတတ ဖြစ်နေတဲ့သူတွေဟာ သူတို့မိတ်ဆွေတွေကိုလည်း အဆင်ပြေစေချင်တော့ အလုပ် အတွက် အလိုလို အကျိုးဆောင်ပေးတာကို တွေ့ရပါတယ် ။ တစ်ခုတစ်လေတော့
မြန်မာနိုင်ငံမှာ အားအနာလွန်တတ်ကြတာကို အခွင့်အရေးယူသလိုလုပ်တတ်ကြတာကျွန်မဖြင့် ခံရခက်ရန်ကော ။ဘာကြောင့်လဲဆိုတော့ မတန်တဆလုပ်တာ လွတ်လပ်လွန်းလို့ပါပဲ ။           မတန်တဆလုပ်တာဆိုတာ အလုပ်ကြီး အကိုင်ကြီးသမားတွေနဲ့မှ ဆိုင်တယ်လို့ မထင်ပါနဲ့ ။ အလုပ်ဆိုတာ သူ့အရွယ်နဲ့သူ ၊ သူ့အလုပ်နဲ့သူ တန်ကြေးရှိတာ အိမ်နီးနားချင်းကို အကူအညီပေးရတဲ့ အလုပ်ဆိုပါတော့ ။ အဲဒါလည်း မုန့်ဖိုးယူပြီးလုပ်သည်ဖြစ်စေ ၊ စေတနာနဲ့ အလကားလုပ်ပေးသည်ဖြစ်စေ  အလုပ်ပါပဲ ။ အဲဒီအလုပ်မျိုးကို သေသေချာချာလုပ်ပေးမယ်ဆိုရင် မိမိရဲ့ အကျင့်လဲ မပျက်စီးပါဘူး ။ သူတစ်ထူးလည်း စိတ်ရောလူပါ ချမ်းသာကြလို့ အဆင်ပြေပါတယ် ။

                   

            
 
Blogger Templates