Social Icons

Pages

Tuesday, January 17, 2012

မေတ္တာတရား

          
  မေတ္တာအလင်း တောက်ပခြင်းဟာ
ကမ္ဘာ့မိသားစုကြီး တစ်ခုလုံး
ထာဝစဉ် အားထားမြတ်နိုးရမည့်
လျှို့ဝှက်ကယ်တင်ရှင် ဖြစ်ပေမယ့်

မေတ္တာတရား ခေါင်းပါးမှု နတ်ဆိုးက
ကမ္ဘာ့မိသားစုကြီး တစ်ခုလုံးအတွက်
ယနေ့. . . မျက်ရည်နှင့် သွေးများ
စနစ်တကျ ဖန်တီးပေးနေတယ်

သစ္စာအလင်း ပြန့်နှံ့ခြင်းဟာ
ကမ္ဘာ့မိသားစု တစ်ခုလုံးအတွက်
ထာဝစဉ်  ဆောက်ရွက်ရမယ့်
လျှို့ဝှက်အင်အား ဖြစ်ပေမယ့်

သစ္စာတရားခေါင်းပါးမှု နတ်ဆိုးက
ကမ္ဘာ့မိသားစုကြီး တစ်ခုလုံးအတွက်
ယနေ့. . . သဘာဝ ဘေးအန္တရာယ်ဆိုးများ
စနစ်တကျ ဆောင်ကျဉ်းပေးနေတယ်

မေတ္တာသစ္စာေ၇ာင်ခြည်တို့သည်သာ
ကမ္ဘာ့မိသားစုကြီး တစ်ခုလုံးအတွက်
“ ငြိမ်းချမ်းရေး နိဗ္ဗာန်ဘုံများ ”
ဖန်ဆင်းပေးနိုင်ပေမယ့်

စစ်ဆိုတဲ့ . . . စစ်ပွဲဆင်နွှဲမှုတွေက
ကမ္ဘာမိသားစုကြီး တစ်ခုလုံးအတွက်
ကြေကွဲဖွယ် ငရဲခန်းများ
စနစ်တကျဖန်တီးပေးနေတယ် ။

( မောင်ရဲမြင့် )


မေတ္တာပြယုဂ်အတွက် ဆင်းဂါးအပ်ချုပ်စက်



              
             လူ့လောကတွင် အမြင့်ဆုံးသဘောထားရမည့်အရာမှာ လူသားနှင့် ချစ်ခြင်းမေတ္တာပင် ဖြစ်သည် ။

             ဆင်းဂါးအပ်ချုပ်စက် အကြောင်းကို ကြည့်ပါ ။  တီတွင်သမျှ အရာထဲတွင် အသုံးဝင် သရွေ့ထဲမှ စက်တစ်မျိုးဖြစ်သည်  ။ 
ယင်း ဆင်းဂါးအပ်ချုပ်စက် တီထွင်လာပုံမှာလည်း စိတ်ကူးယဉ် စရာ နောက်ခံ အကြောင်းကလေးနှင့်ဖြစ်၏ ။
          ဆင်းဂါးဆိုသော ပုဂ္ဂိုလ်သည် မိမိ၏ ဇနီးသည်၏ လက်ဖြင့် ငြီးငွေ့ဖွယ်ရာ အပ်ချုပ်သီသွယ်နေရသည့် အမူကိုမြင်ပြီး ဇနီးသည် အပေါ်ချစ်မြတ်နိုးလွန်းမှုကြောင့် အားမစိုက်သင့်ဘဲ အချိန်ကုန်လုပ်အား ထုတ်နေရသည့် အဖြစ်မှ ကယ်တင်ရန် အပ်ချုပ်စက်တစ်ခုကို တီတွင်လုပ်ကိုင်လိုက်၏ ။
       သို့သော် ဆင်းဂါးသည် မိမိဇနီးသည်၏ လုပ်အားကို သာ သက်သာစေသည် မဟုတ်တော့ဘဲ အပ်ချုပ်စက်ဝယ်နိုင်သူအားလုံး ကိုပါ အကျိုးပြုစေခဲ့ခြင်း ဖြစ်လာပါတော့သည် ။
         ဤသည်မှာ ကျွန်ုပ်လိုချင်လွန်းသော လုပ်အားဆိုင်ရာ အပြောင်းအလဲဖြစ်သည် ။ ယနေ့ဖြစ်ပေါ်နေသော ဥစ္စာပစ္စည်းနောက် အရူးအမူးလိုက်နေသည့် အဖြစ်ကိုမူ ရပ်ပစ်လိုက်ရလိမ့်မည် ။
         ဆင်းဂါးအပ်ချုပ်စက်သည် ချစ်ခင်မူ အရင်းခံဖြင့် ပေါ်လာသည် ။ ဤတွင် သူ့ ဇနီးတည်းဟူသော လူသားတစ်ဦးချင်းကို အမြင့်အမြတ် သဘောထားခြင်း ပါဝင်၏ ။
           လူတစ်ဦးချင်း၏ လုပ်အားစိုက်မူ သက်သာခွင့်သည် ရည်ရွယ် ၇င်းအချက်ဖြစ်သည် ။ ထို့အပြင် ရိုးသားသောလူမူရေး ဆိုင်ရာ သဘောထားသည် လောဘရမ္မက်၏ နေရာ၌ အစားဝင်ကာ စေတနာ တရားဖြစ်လာသည် ။  လောဘကို မေတ္တာဓာတ်ဖြင့် အစားထိုးနိုင်လျှင် အရာခပ်သိမ်းသည် အမှန်သို့ရောက်လာပါလိမ်မည် ။
       
[ မဟတ္တမဂန္ဓီ ]
           

No comments:

 
Blogger Templates