Social Icons

Pages

Sunday, November 10, 2013

သူငယ်ချင်းသို့ တမ်းချင်း

သူငယ်ချင်းသို့ တမ်းချင်း



“ သူငယ်ချင်း သတိရလိုက်တာကွာ .....”
................

မင်းတို့ ငါတို့တွေ
အတူ လျှောက်လှမ်း ပျော်ရွင်ခဲ့ကြတဲ့
တစ်ချိန်တုန်းက ကျောင်းတော်ကြီးရဲ့
ကံကော်လမ်းနှင့် အတူ
မြကန်သာကို 
လွမ်းဆွတ်မိရင်း ......
ဟို. ......အဝေးတစ်မြေဆီက
အတ္တ ၊ မာန ၊ လောဘ
မနာလို မစ္ဆရိယ တွေနဲ့
ဟန်ဆောင် ရောယှက်ထားတဲ့
သူငယ်ချင်း အယောင်အဆောင်တွေကြားကနေ
မာန်မာန ဂုဏ်ပကာသန ကင်းစင်ပြီး
 ဖြူစင် ရိုးသားလွန်းတဲ့
မင်းတို့ ငါတို့တွေရဲ့
ဘ၀....
ခင်မင်မူတွေကို
ဝေးတစ်မြေဆီကနေ
လွမ်းဆွတ်မိပါသေးရဲ့
သူငယ်ချင်း .......

မသွားပါနဲ့လားလို့
ဝမ်းနည်းမျက်ရည်တွေနဲ့
နှုတ်ခွန်းဆက်ခဲ့တဲ့
မျက်ရည်စက် တစ်စက်ရဲ့
တန်ဖိုးကို ............
တန်ဖိုးထား နားလည်ခဲ့ရပြီ
သူငယ်ချင်း ....

အငို ၊ အပြုး ၊အရီ ( ရယ် )
ခံစားချက် အတုယောင်တွေနဲ့
ကိုယ် နှစ်မွန်းနေချိန်မှာမှ.......
တစ်ချိန်တုန်းက
မင်းတို့ ငါတို့တွေရဲ့
ကြားက တစ်စိမ်းတစ်ယောက်ရဲ့
ဖုန်းထဲကနေ ခံစားချက်တစ်ခုကို
နားလည်တန်ဖိုးထားပေးဖို့
အဝေးမသွားဖို့ 
တားမြစ်ခဲ့တဲ့
ခံစားချက်တစ်ခုကို လှောင်ရီ ( ရယ် )
ပြယ်ရီ ( ရယ် )ပြု ခဲ့မိတဲ့ .. တို့ ....
“ Sorry .....ပါ ” လို့ ..
တီးတိုးရေရွတ်ရင်း 
............
လွမ်းဆွတ်မိပါတယ် 
သူငယ်ချင်းတို့၇ယ် ...။











Tuesday, November 5, 2013

LOVE

LOVE

Love is begot by fancy, bred
By ignorance, by expectation fed,
Destroyed by knowledge, and, at best,
Lost in the moment it is possessed .

                                                                     Geroge Grancille, Baron Lansdowne
                                                                 ( 1667- 1735 )


အချစ်

အချစ်ဆိုတာ စိတ်ကူးကနေ မွေးဖွား ၊ မသိမောဟက

မွေးမြူ ၊ မျှော်လင့်ခြင်းက
ကျွှေးမွေး ၊ အသိပညာက ဖျက်ဆီးပြီးတော့
စင်စစ် ၊ ပိုင်ဆိုင်လိုက်ရတဲ့ အချိန်မှာပဲ ဆုံးရှုံးသွားပေါ့ ။   ။



Tuesday, September 3, 2013

HOPE

           အလုပ်တစ်ခုကို  ကောင်းကောင်းလုပ်ပေးရင် ထူးပြီး ကြောညာစရာမလိုပါဘူး ။ ကောင်းသတင်းက သူ့ဘာသာသူပြန့်သွားမှာပါပဲ ။ မိမိအပေါ် တမ်းတမ်းတတ ဖြစ်နေတဲ့သူတွေဟာ သူတို့မိတ်ဆွေတွေကိုလည်း အဆင်ပြေစေချင်တော့ အလုပ် အတွက် အလိုလို အကျိုးဆောင်ပေးတာကို တွေ့ရပါတယ် ။ တစ်ခုတစ်လေတော့
မြန်မာနိုင်ငံမှာ အားအနာလွန်တတ်ကြတာကို အခွင့်အရေးယူသလိုလုပ်တတ်ကြတာကျွန်မဖြင့် ခံရခက်ရန်ကော ။ဘာကြောင့်လဲဆိုတော့ မတန်တဆလုပ်တာ လွတ်လပ်လွန်းလို့ပါပဲ ။           မတန်တဆလုပ်တာဆိုတာ အလုပ်ကြီး အကိုင်ကြီးသမားတွေနဲ့မှ ဆိုင်တယ်လို့ မထင်ပါနဲ့ ။ အလုပ်ဆိုတာ သူ့အရွယ်နဲ့သူ ၊ သူ့အလုပ်နဲ့သူ တန်ကြေးရှိတာ အိမ်နီးနားချင်းကို အကူအညီပေးရတဲ့ အလုပ်ဆိုပါတော့ ။ အဲဒါလည်း မုန့်ဖိုးယူပြီးလုပ်သည်ဖြစ်စေ ၊ စေတနာနဲ့ အလကားလုပ်ပေးသည်ဖြစ်စေ  အလုပ်ပါပဲ ။ အဲဒီအလုပ်မျိုးကို သေသေချာချာလုပ်ပေးမယ်ဆိုရင် မိမိရဲ့ အကျင့်လဲ မပျက်စီးပါဘူး ။ သူတစ်ထူးလည်း စိတ်ရောလူပါ ချမ်းသာကြလို့ အဆင်ပြေပါတယ် ။

                   

            

Thursday, June 28, 2012

FACEBOOK ပေါ်က တန်ဖိုးရှိစကားလုံးများ . . .. .


* * * * * * * * * *

ဒီရုပ်တုက အင်မတန် အဓိပ္ပါယ်ရှိတယ် ။ ကျွန်မတော့ 'ကိုယ့်ကိုယ်ကို ထုဆစ်ခြင်း' လို့ နာမည်ပေးလိုက်တယ် ။ လူတိုင်း ကိုယ့်ဘ၀ကိုယ် ထုဆစ်နိုင်ကြပါစေ ။



* * * * * * * * * * * 

* * * * * * * * * * * * 

* * * * * * * * * 


Friday, March 2, 2012

အလုပ်လုပ်တဲ့ နေရာမှာ အဆိုးမြင်စိတ် မလွန်ကဲပါစေနဲ့

အလုပ်လုပ်တဲ့ နေရာမှာ အဆိုးမြင်စိတ် မလွန်ကဲပါစေနဲ့

            တစ်ကယ်တော့အဆိုးမြင်စိတ်လွန်ကဲတယ် ဆိုတာဘယ်နေရာမှာမှ မကောင်းနိုင်ပါဘူး ။ တစ်ချို့ကတော့ အကျင့်ကိုပါနေတာပါ ။ ဘယ်တော့မှ တော်တော်တန်တန်နဲ့ ကောင်းပါတယ်လို့ မပြောနိုင် ကြပါဘူး။ ကောင်းပါတယ်လို့ ပြောတာတောင်မှ ကောင်းတော့ကောင်းပါရဲ့ ။ ဒါပေမဲ့ - ဆိုတာက ဆက်လိုက်ချင်သေးတာပါ ။ ဝေဖန်တာ ၊ ဆန်းစစ်တာ ၊ ခွဲခြမ်းစိတ်ဖြာတာနဲ့ အဆိုးမြင်တာ ဟာ တခြားစီပါပဲ ။ 
                ဝေဖန်ရင် ၊ ဆန်းစစ်ရင် ၊ ခွဲခြမ်းစိတ်ဖြာရင် အဆိုး သာမက အကောင်းကိုပါ မြင်နိုင်ပါတယ် ။ အဆိုးကို တွေ့မြင်ထားတယ် လို့ဆိုရင်လဲ ဘယ်လို ကောင်းအောင်ပြုပြင်သင့်သလဲဆိုတာကိုပါ တစ် ပါတည်း မြင်လိုက်နိုင်ပါတယ် ။ အဆိုးမြင်သူများကတော့ မိမိရဲ့တာဝန်ကို သူတစ်ပါးအပေါ် လွှဲချချင်တဲ့သူများ ၊ မိမိရဲ့ ချို့ယွင်းချက်ကို ဖုံးဖိလိုတဲ့သူများ ဖြစ်နေတတ်တာကို တွေ့ရပါတယ် ။ 
                 အဆိုးမြင်ဝါဒဆိုတာကတော့ တစ်ခုခုကို လုပ်တော့မယ်ဆို ရင် ဖြစ်နိုင်ပါမလားကွာလို့ ထင်တတ်ပါတယ် ။ အဆိုးမြင် ဝါဒမဟုတ်တဲ့ သူတွေကြတော့ ဖြစ်နိုင်တဲ့အလုပ်ဟုတ်ရဲ့လား ၊ မဟုတ်ဘူးလား နဲ့ တွေးတောမှု ၊ ဆန်းစစ်မှုများ လုပ်လေ့ရှိပါတယ် ။ အလုပ်လုပ်နေ ရင်းလဲ ဒီခြေလှမ်းဟာ မှန်တဲ့ခြေလှမ်းဟုတ်မဟုတ် တွေးတောတတ် ပါတယ်။ ဒါပေမဲ့ အမှားတစ်ခုခုတွေ့ရင် အဆိုးမြင်ဝါဒနဲ့ အကောင်းမြင် ဝါဒတို့ ရင်ဆိုင်ပုံ မတူကြပါဘူး ။ ကိုယ်နဲ့မဆိုင်ရင် ၊ ကိုယ်မကြိုက်တဲ့သူ လုပ်တဲ့ကိစ္စဖြစ်ရင် တချို့က အပျက်ကိုပဲ ကြိုတွေးတတ်ကြပါတယ် ။ အဲဒီလို လူမျိုးတွေက အဆိုးမြင်ဝါဒ များဖြစ်ပါတယ် ။ တစ်ကယ့်ကို အပျက်နဲ့ရင်ဆိုင်ရရင်လဲ “ ဖြစ်မှာပေါ့ ၊ အစကတည်းက ဒီလို့ဖြစ်မယ်ဆိုတာ သိသားပဲ ” လို့ စတဲ့ စတဲ့စကားတင်းမျိုး ဆိုတတ်ကြ ပြန်ပါတယ် ။ မိမိနဲ့ မိမိလိုလားသူတို့ လုပ်တဲ့အလုပ်များကိုလဲ အဆိုးမြင် ဝါဒ တစ်ချို့က ဖြစ်မှဖြစ်ပါမလားလို့ သံသယနဲ့ မဝံ့မရဲလုပ်တတ်ကြပါတယ် ။ တစ်ချို့ကတော့ အတက်အကျမြန် တတ်တဲ့စိတ်အထာကြောင့် ကိုယ်လုပ်ရင် ဖြစ်မယ်လို့ တစ်ထစ်ကျ ယုံတတ်ကြပါတယ် ။ သူ့ အဆိုးမြင်မှုက သူများအပေါ်မှာသာ အဆိုးမြင်တတ်တာကိုး ။ အဲဒီလူမျိုးဟာ အလုပ်မှာ အမှားတွေ ၊ ဆုံးရှုံးမှုတွေ့နဲ့တွေ့ရင် မဆည်နိုင်အောင်ဖြစ်တတ်ပါတယ် ။ ငါ့ကိုမှ ဒါမျိုးဖြစ်သလားဆိုတဲ့ အတွေးမျိုးနဲ့ ဆိုးရွားစွာ ခံစားရုံမကဘဲ ဒီလိုဆုံးရှုံးမှုအတွက် ဘယ်သူ့ ကို အပြစ်တင်ရင်ကောင်းမလဲဆိုတဲ့အတွေးကို ( တစ်ခါတစ်လေ သူ့ ဘာသာသူမသိဘဲ ) တွေးတတ်ပါ တယ် ။ ဒီအရှုံးကို ကာမိအောင် ဘာလုပ်မလဲဆိုတာကို အရင်မတွေးတတ်ပါဘူး ။ 
                 အကောင်းမြင်ဝါဒများကတော့ အလုပ်လုပ်ရင် သေသေချာ ချာ ဆန်းစစ်ပေမယ့် မမျှော်လင့်ဘဲ မှားတတ်တဲ့အမှားတွေ ရှိတတ် တယ်ဆိုတာကို တွေးထားလေ့ရှိပါတယ် ။ အဲဒါကြောင့် သူတစ်ပါးမှာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရရင် ဝမ်းသာစိတ်ပေါ်မယ့်အစား ဒီလို အမှား မျိုး ငါမမှားအောင် လေ့လာထားမှ ဆိုတဲ့စိတ်နဲ့လေ့လာတတ်ပါတယ် ။ သူက ဝမ်းသာစိတ် ၊ ဝမ်းနည်းစိတ်ဆိုတဲ့ ခံစားမှုထက် လေ့လာလို တဲ့ ၊ စူးစမ်းလိုတဲ့ ၊ ဆန်းစစ်လို့တဲ့စိတ် ဦးစီးနေတဲ့အတွက် သူတစ်ပါး ကို မလိုမုန်းထားစိတ်နဲ့ ဝမ်းသာလေ့လဲ မရှိတတ်ပါဘူး ။ အရေးကြီး တာက ဘယ်သူ့ဘဝကိုပဲ လေ့လာလေ့လာ သင်ခန်းစာကောင်းရဖို့ ပဲ ဖြစ်ပါတယ် ။ 
                 အကောင်းမြင်ဝါဒဟာ သူကိုယ်တိုင် အလုပ်လုပ်ရာမှာ အဆုံး အရှုံးနဲ့ ရင်ဆိုင်ရင် စိတ်မဆင်းရဲဘူးလားလို့ မေးစရာရှိပါတယ် ။ လူ ပဲလေ- စိတ်ဆင်းရဲမှာပဲ ။ ဒါပေမဲ့ သူ့ဘဝအတိုင်း သူဟာ အဆိုးမှာ သူ့စိတ်ကို မကိန်းစေဘဲ ချက်ချင်းလိုလို အမှားဟာ ဘာလဲ ၊ မှန်အောင် ဘယ်လိုပြင်ရမလဲ ဆိုတာကိုပဲစိတ်ဝင်စားမှာပါ။ တွေဝေနေ မှာမဟုတ်ပါဘူး ။
                 ကျွန်မတွေ့ဖူးသမျှ အဆိုးမြင်ဝါဒများဟာ အောင်မြင်သင့် သလောက် အောင်မြင်နေကြသည့် တိုင်အောင် စိတ်မချမ်းသာကြပါဘူး ။ သူတစ်ပါးအပါ်အပြစ်မြင်နေရတာကိုက သူ့အဖို့ လေးလံတဲ့စိတ်အ ထာကို ဖြစ်စေတတ်ပါတယ် ။ အဲဒါကြောင့် ကိုယ့်အောင်မြင်မှုကို ကိုယ်အပြည့်အ၀ မခံစားနိုင်ကြပါဘူး ။ လောကမှာ လူဖြစ်လာတယ်လို့ဆိုကတည်းက အကောင်းနဲ့ အဆိုးဟာ ဒွန်တွဲပြီး ပါလာတတ်တာပါပဲ ။ ဘယ်နေရာ ၊ ဘယ်အချိန်မှာမဆို ငါသာလျှင်ကောင်းစားဖို့ဆိုတဲ့ တစ်ကိုယ်ကောင်းစိတ်နဲ့ တွေးတာများလာရင် အဲဒီလူဟာ အဆိုးမြင်ဝါဒဖြစ်ဖို့ များလာပြီလို့ ဆိုရမှာပါပဲ ။ ဘယ်လောက်ပဲ ငါကောင်းစားဖို့ တစ်ယောက်တည်းကြိုးစားသည်ဖြစ်စေ ၊ ဘယ်သူမဆို ရင်ဆိုင်ရတတ်တဲ့ လောကဓံကျတော့ အရှုံးပေးရမှာပါပဲ ။ မိတ်မရှိ ၊ ဆွေမရှိ ၊ တစ်ဦးတည်း ၊ တစ်ယောက်တည်း လောကဓံကို ရင်ဆိုင်ရတဲ့သူများအနေနဲ့ ဒုက္ခက ပိုကြီးမှာ ပါပဲ ။ လူ့ဘဝကို ရလာပြီလို့ဆိုတဲ့အခါမှာ အဆုံးစွန်ဆိုးတာလည်း မရှိပါဘူး ။ အဆုံးစွန်ကောင်းတာလဲ မရှိပါဘူး ။ အင်မတန် ပြည့်စုံပါတယ် ၊ ကံကောင်းပါတယ်လို့ ဆိုတဲ့ သူများတောင်မှ လောကဓံဆိုးလေးပါးနဲ့ ကြုံတဲ့အခါမှာ အတော်ခံရဆိုး ပါတယ် ။ အပြစ်တင်ရမယ်ဆိုရင် ၊ အဆိုးမြင်ရမယ်ဆိုရင် လူ့ဘဝဟာ ဘာမှမက်မောစရာမရှိပါကလားဆိုပြီး စိတ်ဓာတ်ကျသွားနိုင်ပါတယ် ။ လူတောင် သေသွားနိုင်ပါတယ် ။ အဲဒီအချိန်မှာ သူတစ်ပါးကိုပဲဖြစ်ဖြစ် ၊ လူမှုအဖွဲ့အစည်းကို ပဲဖြစ်ဖြစ် နိုင်ငံကိုပဲဖြစ်ဖြစ် အပြစ်တင်ကြည့်ပါလား ။ ပိုပြီးတာ စိတ် ဆင်းရဲသွားတော့မှာပေါ့ ။ အလုပ်လုပ်တဲ့နေရာမှာလဲ ဟန်ချက်တွေ ပျက်သွားနိုင်ပါတယ် ။ မူလကတည်းက အဆိုးမြင်တတ်တဲ့သူဟာ အလုပ်ခွင်မှာရော၊ ဘဝမှာပါ တွေ့မှာသေချာတဲ့ အခက်အခဲများနဲ့ ရင်ဆိုင်ရတဲ့အခါ မှာ ကောင်းကွက်ကို ရှာမတွေ့တာနဲ့ဘဲ ထွက်ပေါက်မရှိတဲ့ ခံစားမှုမျိုး နဲ့ စိတ်ဒုက္ခများစွာရောက်ရပါလိမ့်မယ် ။ ကိုယ်ကအသာစီးနေရာ မှာ နေနေသေးရင်တော့ သိပ်မဆိုးလှပါဘူး ၊ ကျပြီဆိုရင် မိမိကိုယ်ကိုမိမိ ဆွဲတင်နိုင်ဖို့ ကြိုးစ ရှာမတွေ့ဘဲ ဖြစ်သွားမှာ စိုးရပါတယ် ။ 
                 ကျွန်မနေနဲ့တော့ အဆိုးရော ၊ အကောင်းရော ရောပြွမ်းနေ တဲ့ လောကကြီးမှာ ကောင်းအောင် လုပ်မယ်ဆိုရင်လဲ ကိုယ့်ကိုယ်ကိုပဲ အားကိုးရမှာပါပဲ ။ ( ခံရဖူးတာ ထပ်ကြိမ်များတဲ့သူ အနေနဲ့ ပြောတာပါ ) ။ အဲဒီတော့ အရာရာကို သတိထားတန်ထားပြီး ရွှင်ပျတဲ့စိတ်အထာနဲ့ ရင်ဆိုင်လိုက်ရင် အလုပ်လုပ်တဲ့နေရာမှာ လွယ်ကူ ပေါက်မြောက်လာပါလိမ့်မယ်လို့ အကြံပေးလိုပါတယ် ။ 
 ကိုးကား -ဒေါက်တာမတင်ဝင်း ( ပညာရေးတက္ကသိုလ် ) 

 “ သူများ အပြစ်ကို များများတွေးလေ ကိုယ့်ဘ၀ မတိုးတက်လေပဲ ။ ” “ သူများအကြောင်း တွေးရင်လည်း ကောင်းတဲ့အရည်အချင်းတွေ ၊ စိတ်ထားတွေ ၊ လုပ်ရည်ကိုင်ရည်တွေ ၊ အတုယူစရာ ကောင်းတာတွေကို တွေးသင့်တယ် ။ မနာလိုတဲ့စိတ်နဲ့ သူများအကြောင်း များများတွေး သူများအပြစ်ကိုပဲ စိတ်ဝင်စားနေရင် ကိုယ်လုပ်သင့်တာကိုကိုယ် မလုပ်ဖြစ်တော့ဘူး ။ ” 

 " You don't have to explain yourself " ' Think good of the other, and you are actually  thinking good about yourself " 

 “ သူများအကြောင်းကို အကောင်းတွေးပါ ၊ သူများအကြောင်း အကောင်းတွေးလို့ရှိရင် ကိုယ့်အကြောင်းကိုပါ အကောင်းတွေးပြီးသား ဖြစ်သွားပါတယ် ။ 

Monday, February 27, 2012

THE BIBLE

သမ္မာကျမ်းစာ

       
        ချမ်းသာသောမိသားစုမှ လူငယ်တစ်ဦးသည် အထက်တန်းကျောင်းဆင်းတော့မည်။  ချမ်းသာသောရပ်ကွက်အသိုင်းအ၀ိုင်းတွင်မှာ  မိဘများက ဘွဲ့ရသောကိုယ့်သားသမီးတွေကို မော်တော်ကား၀ယ်ပေးသည် ထုံးစံ ဓလေ့ ရှိခဲ့ပါသည်။ လနဲ့ချီပြီး  Bill နဲ့ သူ့အဖေက ကားတွေကြည့်ရင်း ဘွဲ့ရပြီး တစ်ပတ်အလိုမှာ ပြီးပြည့်စုံတဲ့ကားကို ရှာတွေ့ခဲ့ပါတယ်။  ဘွဲ့ယူတဲ့ညမှာ ဒီကားက သူ့ကားဖြစ်မယ်ဆိုတာ Bill က သေချာသိနေပါတယ်။  
      

ဘွဲရခါနီးမှာ Bill ရဲ့ အဖေက သူကို လက်ဆောင်ထုပ်ပိုးထားတဲ့ သမ္မာကျမ်းစာတစ်အုပ်ကို ပေးတဲ့အခါ  Bill က ဒေါသအကြီးအကျယ် ထွက်သွားပါတယ် Bill သည် ကျမ်းစာအုပ်ပစ်ချပြီး အိမ်ကနေ အပြီးထွက်သွားလိုက်ပါတော့တယ်။သူနဲ့ သူအဖေက နောက်တစ်ခါမှာ ထပ်မတွေ့တော့ပါဘူး ။ နှစ်အတော်ကြာတော့မှ သူအဖေ ကွယ်လွန်သည်သတင်းကြားတော့မှ သူအိမ်သို့ ပြန်လာခဲ့ပါသည်။

Bill သည် ဖခင်၏ အမွေခံရသည်  ဥစ္စာများနှင့် ဘ၀ကို ဖြတ်သန်းသွားရာ တစ်ညတွင် ဖခင်ပေးထားသည့် သမ္မာကျမ်းစာကို တွေ့လိုက်ရသည်။ သူသည် ဖုန်မှုန့်များကို ဖယ်ထုတ် ပြီး ဟိုလှန်ဒီလှန် ဖြင့် ဖတ် ကြည့်ရနေဘွဲ့ယူသည့်နေ့ ရက်စွဲပါရှိသည့် ငွေကိုင်ချက်လက်မှတ်ကို ရှာဖွေတွေ့ရှိခဲ့ပါသည် ငွေကိုင်လက်မှတ်ပေါ်တွင် ၎င်းတို့ရွေးချယ်ထားသော ကားပမာဏအတိအကျကို တွေ့ရှိခဲ့သည်။

      




Friday, February 10, 2012

QUOTES on purposeful living

Live as if you were living  a  second time, and as though you had acted wrongly the first time.
 
Victor E.Frankl


It isn't how much we do, but how much love we put into what we do that really counts.

Mother Teresa


A life spent making mistakes is not only more honourable but more useful than a life spent doing nothing.

George Bernard Shaw


Only those who dare to fail greatly can ever achieve greatly.

Robert F.Kennedy 


Live as though it were your last day on Earth. Someday you will be right. 

Robert Anthony


Life is without meaning . You bring the meaning to it. The meaning of life is whatever you ascribe it to be. Being alive is the meaning. 

Joseph Campbell


I have found that if you love life, life will love you back.

Arthur Rubinstein


Life loves to be taken by the lapel and told, " I'm with you, kid. Let's go."

Maya Angelou


Think like a man of action, act like a man of thought .
Henri Bergson


what I have done will endure, not what I have said or written.
Mahatma Gandhi


It's not what you do once in a while, it's what you do day in and day out that makes the difference.

Jenny Craig


If I had to live my life again, I'd make the same mistakes, only sooner.

Talluah Bankhead



Even if you're on the right track, you'll get run over if you just sit there.

Will Rogers
























Thursday, February 9, 2012

အလုပ္ဆိုတာ အင္အားပါ

                   အလုပ်ဆိုတာ မိမိကိုယ်ကို ဆောက်တည်ဖို့အတွက် ၊ မိမိဘ၀ကို ခိုင်ခံစွာတည်ဆောက်ဖို့အတွက် အလိုအပ်ဆုံးအင်အားဖြစ်ပါတယ်။ အလုပ်မလုပ်ဘဲ ဘယ်နှစ်သက်စားမတုံး ။ ငွေဆိုတာ လိုမှမလို အပ်တာပဲ ။ ဒါကြောင့် အလုပ်မလုပ်တာလို့ ပြောတတ်တဲ့လူတွေ အခုခေတ်မှာတော့ အတော့်ကို နည်းပါးသွားပြီလို့ ယူဆပါတယ် ။
          အလုပ်လုပ်တယ်ဆိုတာ စားဝတ်နေရေးအတွက် လုပ်တယ်ဆို တာတော့မှန်ပါတယ် ။ ဒါပေမဲ့ တစ်ပြိုင်နက်တည်းမှာ အခြားသောတန်ဖိုး များကိုလည်း ရချင်လို့ အလုပ်လုပ်တာ ဖြစ်ပါတယ် ။ အခြားသော တန်ဖိုးများ ဒါမှမဟုတ် အင်အားများဟာ တကယ်တော့ မိမိကိုယ်ကို ဆောက်တည်နိုင်သောအင်အား ၊ အမှားနဲ့အမှန်ကို ခွဲခြားနိုင်သော စိတ်အင်အား ၊ ကုန်ဆုံးသွားတဲ့ ကိုယ်စွမ်းအား ၊ ဥာဏ်စွမ်းအားများကို ပြည်လည်ဖြည့်ဆည်းချင်သော အစွမ်းအစတို့ကို လဲ အလုပ်လုပ်ရင်း ရလာနိုင်ပါတယ် ။
          အလုပ်မလုပ်တဲ့သူဟာ ဆက်ဆံရတဲ့သူ အရေအတွက် နည်းပါးပါတယ် ။ အလုပ်လုပ်တဲ့နေရာမှာ ဆက်ဆံရတာက လူအနေနဲ့သာ အရေအတွက် များပြားတာမဟုတ်ဘဲ လူအမျိုးအစားလဲ များပြားတာကို တွေ့ရပါတယ် ။
           ကိုယ်ကအားကျပြီး အတုယူရတဲ့သူများကို ကိုယ့်ထက်ငယ် တဲ့ သူများထဲမှာလဲ တွေ့နိုင်ပါတယ် ။ ကိုယ်က အားကျတဲ့ အနေအထားမှာ ရှိနေပေမဲ့ အမှားတွေ ၊ ချို့ယွင်းချက်တွေ တစ်လှေကြီးနဲ့ အများတကာကို စိတ်ဆင်းရဲစေတဲ့ သူများကိုလည်း တွေ့နိုင်ပါတယ် ။
            လူအင်အားကို အသုံးမချတတ်လို့သာ မချဘဲနေတယ်ဆို ရင်တော့ မထောင်းသာဘူးပေါ့ ။ ဒါပေမဲ့ ကိုယ့်အပေါ် အမြင်မကြည်လင်ဘဲ ၊ နေရာမပေးဘဲ ထားခဲ့တာတို့ ၊ ပွဲမထုတ်တာတို့ စတဲ့ ချန်ခဲ့ တဲ့ ၊ နှိမ်ခဲ့တဲ့ သူမျိုးတွေနဲ့လဲ ဆက်ဆံရမှာပါပဲ ။
         အဲသလိုလူမျိုးတွေနဲ့ ဆက်ဆံပြီဆိုရင် ဘယ်သူမှ စိတ်မချမ်း သာနိုင်ပါဘူး ။ စိတ်မချမ်းသာတာနဲ့အမျှ အမှားအယွင်းများ လုပ်မိတတ်ပါတယ် ။ ပထမဆုံးက မိမိကိုနှိမ်တယ်လို့ ထင်တဲ့သူ ( ကိုယ်ထက်လုပ်ပိုင်ခွင့်ရှိတဲ့သူ ) ရဲ့အတင်းကို ပြောမိတတ်တာပါပဲ ။ ဒါမှမဟုတ် သူ့ကို ဆန့်ကျင်တဲ့သူများနဲ့ ပေါင်းမိပြီး ကိုယ်ကပါရောပြီး ဆန့်ကျင်တတ်တာပါပဲ ။
            ကျွန်မကတော့ အဲသလိုလုပ်ရင် ပိုပြီးဆိုးသွားမယ်လို့ ယူဆ ပါတယ် ။ သူတစ်ပါးရဲ့အနှိမ်ကို ခံရပြီလို့ ဆိုကတည်းက ကိုယ့်အနေ အထိုင်မှာ သူတစ်ပါး မနှစ်မြို့စရာ တစ်ခုခု မှားချင်မှားနေပါလိမ့်မယ် ။ မမှားဘူးဆိုရင်လဲ ကိုယ်ရဲ့ သံသရာ ဘ၀အဆက်ဆက်က အကုသိုလ် အကျိုးပေးချိန်ဖြစ်ကောင်းဖြစ်နေပါမယ် ။ အဲသလိုဆိုရင်တော့ သတိကြီးစွာထားပြီး အားကိုးရမှာက မိမိရဲ့အလုပ်ပဲ ဖြစ်ပါတယ် ။ အလုပ်ဆိုတာ ကံပဲဖြစ်ပါတယ် ။ လောကီအလုပ်ကို လုပ်နေသည်ဖြစ်စေ စေတနာကောင်းထားပြီးလုပ်မယ် ။ ဘယ်သူ့တရားပျက်ပျက် ကိုယ့်ဘက်က မပျက်အောင် ဆောက်တည်ပြီး လုပ်မယ် ။ အင်မတန်ခက်ခဲပင်ပန်းပေမယ့် ကိုယ်အပေါ်မှာ မကောင်းတဲ့သူအပေါ် ကိုယ်ကအာဃာတနဲ့ ဒေါသနဲ့ မတုံ့ပြန်ဘဲ ခန္တီနဲ့ မေတ္တာနဲ့ တုံ့ပြန်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ကိုချလိုက်စေလိုပါတယ် ။
           ကျွန်မပြောခဲ့တဲ့ အထဲမှာ အင်မတန်ခက်တဲ့အလုပ် ဖြစ်ပါ တယ်လို့ ပြောခဲ့ပြီးပါပြီ ကိုယ့်ကို အမြဲလိုလို အပြစ်ရှာနေတဲ့သူ ၊ ဆူပူချင်တဲ့သူ ၊ နှိမ်ချင်တဲ့သူနဲ့ ကိုယ်ရန်မဖြစ်အောင် နေရုံမကဘဲ မေတ္တာထားရမယ်ဆိုတာ အများကြီးခက်ခဲပါတယ် ။ ခန္တီဆိုတဲ့ အမှန်အကန်မဟုတ်တဲ့ မနိုင်လို့သည်းခံရခြင်းကတော့ အစဉ်လက်ကိုင်ထားနေကြ ရတာကိုး ။ ဒါပေမဲ့ အကျိုးမမဲ့ပါဘူး ။ မနိုင်မှ မနိုင်ဘဲ သည်းခံနေအုံးမှာ ပေါ့ ။
          ကိုယ်က ကိုယ့်အပေါ် မကောင်းတဲ့သူကို မေတ္တာ မထားနိုင်ရင် မိမိကိုယ်ကိုရော မိမိက မေတ္တာမထားနိုင်ဘူးလား ။ ကိုယ့်ကိုက်ကို မချစ်ဘူးလား ။ ချစ်တာပေါ့ ။ အဲသလိုဆိုရင်တော့ ကိုယ်အပေါ် မကောင်းတဲ့သူရဲ့အကြောင်းကို တတ်နိုင်သမျှ ခေါင်းထဲ ထုတ်ထား လိုက်ပါ ။ ရင်ဆိုင်ရတဲ့ အခါတော့ မျက်စိမှ မှိတ်ထားလို့ မရဘဲလေ ၊ ပြောရဆိုရ ဆက်ဆံရအုံးမှာပေါ့ ။ ဒါပေမဲ့ ကိုယ်အချိန်ကိုတော့ သူ့အတွက် ဖဲ့မပေးပါနဲ့တော့ ။
          အဲဒီအချိန် ကိုယ့်စိတ်ထဲမှာ ၊ ကိုယ့်အတွေးထဲမှာ ကြီးစိုးနေရ မှာက ကိုယ့်အလုပ်မှာ ဘယ်လိုဟာကွက်တွေရှိသလဲ ။ အဲဒီဟာကွက်တွေကို သူများလက်ညှိုးမထိုးနိုင်အောင် ဘယ်လိုပြုပြင်ထားမလဲ ၊ ကိုယ့်အလုပ်မှာ ပိုမို တိုးတက်မှုတွေရှိလာအောင် ဘယ်လို ဆက်လက်လေ့လာ မလဲဆိုတဲ့အင်အားပါသော စီမံချက်များ ဖြစ်သင့်ပါတယ် ။
       အထူးသဖြင့်ရှောင်ချင်တာက ဗေဒင်မေးတာ ၊ ယတြာချေတာ ၊ သူများကို ဓာတ်ရိုက်ပေးတာ စတဲ့အလုပ်များပဲ ဖြစ်ပါတယ် ။ အဲဒီလုပ်ငန်းများဟာ အချိန်ကုန်ပါတယ် ။ လူပင်ပန်းပါတယ် ။ ပြီးတော့စေတနာဆိုးများ ပါသွားတတ်ပါတယ် ။ အကောင်းဆုံး ယတြာကတော့ မိမိရဲ့ ကိုယ်စိတ်နှလုံးကို အသန့်စင်ဆုံး ဖြစ်အောင်ထားပြီး အလုပ်ထဲမှာ ရှိရှိသမျှ စိတ်အားကိုယ်အားကို နှစ်ထားလိုက်ခြင်း ဖြစ်ပါတယ် ။
       အဲသလို မိမိရဲ့စိတ်နှလုံးကို အသန့်စင်ဆုံးထားပြီး ကိုယ့်ကိုယ်ကိုပြောလိုက်ပါ ။ အခု ကံဆိုးနေတာ အမြဲမဟုတ်ဘူး ။ ကံက ကြိုးစားမှုနဲ့ ပေါင်းပြီး ကောင်းသင့်တာထက်တောင် ပိုကောင်းလာအုံး မှာလို့ပြောလိုက်ပါ ။ အဲဒီနောက်တော့ အင်အားထုတ်ပြီး အလုပ်ကို လုပ်လိုက်ပါ ။ မိမိထုတ်တဲ့အားဟာ ဆုံးပါးသွားတဲ့အား မဟုတ်ပါဘူး ။ အလုပ်ထဲက တန်ပြန်ရရှိလာမဲ့အားဟာ တစ်ဆနှစ်ဆ ပိုများပါတယ် ။            အလုပ်ထဲမှာ စိတ်နှစ်ထားတဲ့အတွက် မကောင်းသောအတွေး ၊ မကောင်းသောအကြံများ မ၀င်အောင် တားဆီး ထားနိုင်ပါတယ် ။ ပြီးတော့ အလုပ်လုပ်ရာမှာ လုပ်ရိုးလုပ်စဉ်လုပ်တာထက် စိတ်အားပိုထည့်ပြီး လုပ်တော့မှ အရင်က မမြင်သေးတဲ့ အသိအမြင်တွေ ၊ အတွေးအခေါ်တွေ ပိုပြီးရလာနိုင်ပါတယ် ။ အဲဒီအခါမှာ မိမိဘာသာ အားတက်ရပါမယ် ။
      အလုပ်ကိုတည်တည်ငြိမ်ငြိမ်ဖြစ်အောင် ကြိုးစားအားထုတ် လုပ်ကိုင်ခြင်းဟာ တည်ကြည်သူ ၊ စိတ်ကောင်းရှိသူများက နှစ်ခြိုက်သဘောကျစေနိုင် တဲ့ အရည်အချင်း ဖြစ်ပါတယ် ။ အဲဒီနည်းနဲ့ မိမိတစ်ဘ၀လုံးအတွက် တန်ဖိုးထားကာ လေးစားခင်မင်ရမယ့် ကလျာဏမိတ်ဆွေကောင်းများ ရလာနိုင်ပါတယ် ။
            အလုပ်လုပ်ရင်း မိမိဟာ အရင်ကထက်ပိုပြီး ပြည့်ဝလာတာ စိတ်ဓာတ်ခိုင်မာလာတာကို မိမိဘာသာ ပြန်လည် ခံစားလို့ ရပါတယ် ။ အဲဒီလို ခံစားချက်များကြောင့်လည်း မူလက ညှိုးငယ်ခဲ့တယ်ဆိုရင်တောင်မှ တစ်စတစ်စနဲ့ ပိုပြီး ကိုယ်ရည်ကိုယ်သွေး တက်လာပါလိမ့် မယ်။
               အလုပ်ကို လုပ်ဖို့မလိုဘူးလို့ ယူဆလို့ မလုပ်ဘဲနေသူ များရဲ့ ဘ၀ဟာ တွေ့အကြုံအရ မကြွယ်ဝနိုင်ပါဘူး ။ မိမိကို လူတကာ က ဖူးဖူးမှုတ်ထားတယ် ၊ မကောင်းမပြောဘူးဆိုရင်လဲ ၀မ်းသာစရာ မ ဟုတ်ပါဘူး ။ တစ်ခုခုကြောင့်သာ မှတ်လိုက်ပါ ။
               တစ်ကယ့်တော့ အမြင့်အနိမ့် အတက်အကျ စုံလင့်တဲ့ ဘ၀မျိုးကို ရင်ဆိုင်ပြီး မိမိကိုယ်ကို ထိန်းနိုင်မှ အင်အားက တစ်ကယ်ပြည့်လာနိုင်ပါတယ် ။

                                                          မြ၀တီဂျာနယ်
                                                    ဒေါက်တာမတင်ဝင်း
                                                   ( ပညာရေးတက္ကသိုလ် )



Monday, January 23, 2012

Life

ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ခြင်း

အခြားသူများအား
စိုးမိုးအုပ်ချုပ်မည့်သူသည်
မိမိကိုယ် မိမိ စိုးမိုးနိုင်သူ ဦးစွာ ဖြစ်သင့်သည် ။


မက်ဆင်ဂျာ 


         
           လူတစ်ဦးက သူ့အပေါင်းအသင်းအား မေး၏ ။
            “ ခင်ဗျား ရန်မဖြစ်အောင် ဘယ်လို ရှောင်သလဲဗျာ ”
           ထိုအခါ အပေါင်းအသင်းဖြစ်သူက ပြန်ဖြေသည် ။
    “ အိုး . . လွယ်လွယ်လေးပါဗျာ လူတစ်ယောက်ကကျွန်တော် အပေါ် စိတ်ဆိုးနေပြီဆိုရင်သူ့ဘာသာသူတစ်ယောက်တည်းရန်ဖြစ်ခိုင်းလိုက် တာပဲ ”
      လောကတွင် ပြုပြင်စရာမလိုလောက်အောင် ၊ ထိန်းချုပ်ဖို့ မလိုလောက်အောင် ကောင်းနေသော ပင်ကိုစိတ်ထားမျိုး ဘယ်သူ့ထံတွင်မျှ မရှိပါ ။ အဆိုပါစိတ်ထားမျိုးကို ကြပ်ကြပ်မတ်မတ် ပြုပြင်ပေးလျှင် နှစ်လိုဖွယ်ကောင်းသောစိတ်ထားမျိုး ဖြစ်လာနိုင်ပါသည် ။


­­­­­­­­­ ­­٭ ٭ ٭


            နိုင်ငံရေးပါတီတစ်ခုက အမတ်လောင်းတစ်ဦးအား နိုင်ငံရေး အရ အောင်မြင်ရေးနှင့် လူထုထောက်ခံမဲများ ရရေး အတွက် သမ္ဘာရင့် နိုင်ငံရေးသမားကြီး တစ်ဦးထံတွင် လေ့လာဆည်းပူးဖို့ စေလွှတ်လိုက်၏ ။


         နိုင်ငံရေးသမားကြီးက သူ့စည်းကမ်းချက်များကို ပြောပြသည် ။ “ ကျုပ်ရဲ့လမ်းညွှန်ချက်တွေကို တစ်ကြိမ်ဖောက်ဖျက်တိုင်း ငါးဒေါ်လာ ဒဏ်တပ်ခံရမယ် ” ဟုလည်း ပြောသည် ။
            “ ကောင်းပါပြီ ” ဟု အမတ်လောင်းက သဘောတူသည် ။
            “ ဘယ်တော့ အကောင်းအထည်ဖော်မလဲ ”
            “ ခုချက်ချင်းပဲပေါ့ ”
            “ ဟုတ်ပြီ ၊ မောင်ရင် ပထမဆုံး မှတ်ထားရမယ့် သင်ခန်းစာက မောင့်ရင့်အကြောင်း မကောင်းပြောတာမှန်သမျှကို စိတ်မဆိုးရဘူး ။ ကိုယ့်စိတ် ကိုယ် အချိန်ပြည့်ထိန်းထားပါ ”
              “ အိုး . . . ၊ အဲဒါလောက်တော့ ကျွန်တော် လုပ်နိုင်ပါတယ် ။ လူတွေက ကျွန်တော့်အကြောင်း ဘာတွေပဲ ပြောပြော ၊ ကျွန်တော့ ခံနိုင်တယ် ။ သူတို့ပြောတာတွေကို လုံးဝ ဂရုမစိုက်ဘူး ”
                “ ကောင်းတာပေါ့ ။ အဲဒါဟာ ကျုပ်သင်ပေးမယ့် အချက်တွေထဲက တစ်ချက်ပဲ ။ ဒါပေမဲ့ ပြောသာ ပြောနေရတယ် ။ ကျုပ် ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် မောင်ရင့်လို မူမရှိ ၀ါဒမရှိ သကောင့်သားတစ်ယောက် အရွေးခံရမှာကို ကျုပ် မလိုလားဘူး ”
            “ ဒီမယ် လူကြီးမင်း ၊ ခင်ဗျားကြီးဘာသဘောနှင့် . . . ”
              “ ကျေးဇူးပြုပြီး ငါးဒေါ်လာ ပေးပါ ”
              “ သြော် ၊ အင်း ၊ ဒါ သင်ခန်းစာပေါ့နော် ”
              “ ဟုတ်ပါ့ဗျား ။ ဒါ သင်ခန်းစာပဲပေါ့ ။ ဒါပေမယ့် ကျုပ်ကတော့ အရှိကို အရှိအတိုင်း တကယ့်ပြောလိုက်တာပဲ ”
              “ ဒါ သက်သက်မဲ့ စော်ကား . . . ”
                “ ကျေးဇူးပြုပြီး ငါးဒေါလာပေးပါ ”
         “ သြော် ၊ အဲ ၊ နောက်ထပ် သင်ခန်းစာပေါ့ ။ ဟာ ၊ ခဏလေးအတွင်း ဆယ်ဒေါ်လာ ဖြစ်သွားပါပေါ့လား ” 
        “ ဟုတ်တယ် ။ ဆယ်ဒေါ်လာ ။  ဒီငွေကို ကျုပ်တို့ စကားပြောနေတုန်းပဲ ပေးတာပါ ။ ခုလိုပေးရတာဟာမောင်ရင် ရပ်ကွက်ထဲမှာ ကြွေးတင်နေလို့ ပေးဆပ်နေရတယ်လို့ နာမည်ဆိုးထွက်တာထက်တော့ တော်ပါသေးတယ်လေ ”
               “ ခင်ဗျားကြီး မဟုတ်မတရား . . . .”
               “ ငါးဒေါ်လာ ပေးပါဦး ”
                “ ဟာ ၊ နောက်ထပ် သင်ခန်းစာပါလား ။ အင်း  ၊ ကျွန်တော် ကိုယ့်စိတ်ကိုယ် ထိန်းထားမှ တန်ကာကျတော့မယ် ”
               “ အင်း ၊ ကျုပ်ပြောခဲ့တာတွေကို ကျုပ်ပြန်ရုတ်သိမ်းပါတယ်ကွယ် ။ ကျုပ် တကယ် စိတ်ပါလို့ ပြောခဲ့တာ မဟုတ်ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ မောင်ရင်ဟာ အတော်လေးစား စရာကောင်းတဲ့ ပုဂ္ဂိုလ်မျိုးပဲ ။ ပြောကြစတမ်းဆိုရင် မောင်ရင်က အောက်တန်းကျတဲ့မိသားစုက ပေါက်ဖွားလာတာ  ။ မောင်ရင့်အဖေကလည်း နာမည်ဆိုးထွက်နေတဲ့လူ ”
             “ ခင်ဗျားကြီး တော်တော်ကောက်ကျစ်တဲ့ လူယုတ်မာကြီးပဲ”
             “ ငါးဒေါ်လာ ပေးပါဦးကွယ် ”
              ဤကား ကိုယ့်စိတ်ကို ထိန်းချုပ်ခြင်းအတွက် ပထမဦးဆုံးသော သင်ခန်းစာဖြစ်၏ ။ ထိုသို့ မထိန်းချုပ်နိုင်သဖြင့် အမတ်လောင်းသည် တန်ဖိုးကြီးစွာ ပေးဆပ်ခဲ့ရ၏ ။
                  “ ဒီတော့ ငါးဒေါ်လာတန် ငွေစက္ကူတစ်ရွက်အစား မဲတစ်မဲ ဆုံးတယ်လို့ မောင်ရင် စိတ်ထဲမှာ စွဲမှတ်ထားပါ ။ စော်ကားမှုတစ်ခုကို မောင်ရင် စိတ်ဆိုးတိုင်း ၊ ဒါမှမဟုတ် မခံချည့်မခံသာဖြစ်တိုင်း မောင်ရင် မဲတွေ ဆုံးနေပြီသာမှတ် ။ နောက်ပြီး မောင့်ရင်အတွက် အဲဒီမဲတွေဟာ ငွေစက္ကူတွေထက် တန်ဖိုးရှိတယ်လေ ”

( မြတ်ငြိမ်း )
THE SECRET OF ACHIEVEMENT
              

            













           




          





Tuesday, January 17, 2012

မေတ္တာတရား

          
  မေတ္တာအလင်း တောက်ပခြင်းဟာ
ကမ္ဘာ့မိသားစုကြီး တစ်ခုလုံး
ထာဝစဉ် အားထားမြတ်နိုးရမည့်
လျှို့ဝှက်ကယ်တင်ရှင် ဖြစ်ပေမယ့်

မေတ္တာတရား ခေါင်းပါးမှု နတ်ဆိုးက
ကမ္ဘာ့မိသားစုကြီး တစ်ခုလုံးအတွက်
ယနေ့. . . မျက်ရည်နှင့် သွေးများ
စနစ်တကျ ဖန်တီးပေးနေတယ်

သစ္စာအလင်း ပြန့်နှံ့ခြင်းဟာ
ကမ္ဘာ့မိသားစု တစ်ခုလုံးအတွက်
ထာဝစဉ်  ဆောက်ရွက်ရမယ့်
လျှို့ဝှက်အင်အား ဖြစ်ပေမယ့်

သစ္စာတရားခေါင်းပါးမှု နတ်ဆိုးက
ကမ္ဘာ့မိသားစုကြီး တစ်ခုလုံးအတွက်
ယနေ့. . . သဘာဝ ဘေးအန္တရာယ်ဆိုးများ
စနစ်တကျ ဆောင်ကျဉ်းပေးနေတယ်

မေတ္တာသစ္စာေ၇ာင်ခြည်တို့သည်သာ
ကမ္ဘာ့မိသားစုကြီး တစ်ခုလုံးအတွက်
“ ငြိမ်းချမ်းရေး နိဗ္ဗာန်ဘုံများ ”
ဖန်ဆင်းပေးနိုင်ပေမယ့်

စစ်ဆိုတဲ့ . . . စစ်ပွဲဆင်နွှဲမှုတွေက
ကမ္ဘာမိသားစုကြီး တစ်ခုလုံးအတွက်
ကြေကွဲဖွယ် ငရဲခန်းများ
စနစ်တကျဖန်တီးပေးနေတယ် ။

( မောင်ရဲမြင့် )


မေတ္တာပြယုဂ်အတွက် ဆင်းဂါးအပ်ချုပ်စက်



              
             လူ့လောကတွင် အမြင့်ဆုံးသဘောထားရမည့်အရာမှာ လူသားနှင့် ချစ်ခြင်းမေတ္တာပင် ဖြစ်သည် ။

             ဆင်းဂါးအပ်ချုပ်စက် အကြောင်းကို ကြည့်ပါ ။  တီတွင်သမျှ အရာထဲတွင် အသုံးဝင် သရွေ့ထဲမှ စက်တစ်မျိုးဖြစ်သည်  ။ 
ယင်း ဆင်းဂါးအပ်ချုပ်စက် တီထွင်လာပုံမှာလည်း စိတ်ကူးယဉ် စရာ နောက်ခံ အကြောင်းကလေးနှင့်ဖြစ်၏ ။
          ဆင်းဂါးဆိုသော ပုဂ္ဂိုလ်သည် မိမိ၏ ဇနီးသည်၏ လက်ဖြင့် ငြီးငွေ့ဖွယ်ရာ အပ်ချုပ်သီသွယ်နေရသည့် အမူကိုမြင်ပြီး ဇနီးသည် အပေါ်ချစ်မြတ်နိုးလွန်းမှုကြောင့် အားမစိုက်သင့်ဘဲ အချိန်ကုန်လုပ်အား ထုတ်နေရသည့် အဖြစ်မှ ကယ်တင်ရန် အပ်ချုပ်စက်တစ်ခုကို တီတွင်လုပ်ကိုင်လိုက်၏ ။
       သို့သော် ဆင်းဂါးသည် မိမိဇနီးသည်၏ လုပ်အားကို သာ သက်သာစေသည် မဟုတ်တော့ဘဲ အပ်ချုပ်စက်ဝယ်နိုင်သူအားလုံး ကိုပါ အကျိုးပြုစေခဲ့ခြင်း ဖြစ်လာပါတော့သည် ။
         ဤသည်မှာ ကျွန်ုပ်လိုချင်လွန်းသော လုပ်အားဆိုင်ရာ အပြောင်းအလဲဖြစ်သည် ။ ယနေ့ဖြစ်ပေါ်နေသော ဥစ္စာပစ္စည်းနောက် အရူးအမူးလိုက်နေသည့် အဖြစ်ကိုမူ ရပ်ပစ်လိုက်ရလိမ့်မည် ။
         ဆင်းဂါးအပ်ချုပ်စက်သည် ချစ်ခင်မူ အရင်းခံဖြင့် ပေါ်လာသည် ။ ဤတွင် သူ့ ဇနီးတည်းဟူသော လူသားတစ်ဦးချင်းကို အမြင့်အမြတ် သဘောထားခြင်း ပါဝင်၏ ။
           လူတစ်ဦးချင်း၏ လုပ်အားစိုက်မူ သက်သာခွင့်သည် ရည်ရွယ် ၇င်းအချက်ဖြစ်သည် ။ ထို့အပြင် ရိုးသားသောလူမူရေး ဆိုင်ရာ သဘောထားသည် လောဘရမ္မက်၏ နေရာ၌ အစားဝင်ကာ စေတနာ တရားဖြစ်လာသည် ။  လောဘကို မေတ္တာဓာတ်ဖြင့် အစားထိုးနိုင်လျှင် အရာခပ်သိမ်းသည် အမှန်သို့ရောက်လာပါလိမ်မည် ။
       
[ မဟတ္တမဂန္ဓီ ]
           

Sunday, January 15, 2012

ပန်းချီကားလေး နှစ်ချက်

   
   အလေ့အကျင့်


အလေ့အကျင့်ကို အမြော်အမြင်ရှိရှိ
လိမ္မာပါးနပ်စွာ ပုံသွင်းပေးလျှင်
၎င်းအလေ့အကျင့်သည်
အမှန်ပင် စရိုက်သဘာဝ ဖြစ်လာ၏ ။

ဘေကွန်


သန့်စင်ခြင်း

ညစ်ထေးခြင်း






=
    









     
            “  သန့်စင်ခြင်း  ”    ကိုသရုပ်ဖော်လိုသော ပန်:ချီဆရာတစ်ဦးသည်သန့်စင်ခြင်းကို 
ဘုရားဝတ်ပြုဆုတောင်းနေသောကလေးငယ်တစ်ဦးထံတွင် တွေ့လိုက်ရ၏ ။ ကလေးငယ်ကလေးသည်
သူ့မိခင်ဘေးတွင်ဒူးထောက်ထိုင်နေ၏ ။  မို့မို့ထွေးထွေး လက်ဖ၀ါးလေးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် လက်အုပ်ချီထား၏ ။  အပြာရောင်ဖျော့ဖျော့ မျက်လုံးကလေးများက အထက်သို့ မော့်ကြည့်နေသည် ။ ဘုရားသခင်အား မြတ်နိုးကိုးကွယ်ခြင်းနှင့် ငြိမ်းချမ်းမှု၏ နိမိတ်ပုံများ ။ 
          သည်ပုံတူပန်းချီကားကို ပန်းချီဆရာက များစွာတန်ဖိုးထား၏ ။ “ သန့်စင်ခြင်း ” ဟု အမည်ပေးပြီး သူ့အခန်းနံရံတွင် ချိတ်ဆွဲထားသည်။ နှစ်တွင် ကုန်လွန်လာသည် ။ ပန်းချီဆရာလည်း အသက်အရွက် ထောက်လာသည် ။ “ သန့်စင်ခြင်း ” ပန်းချီကားကတော့ အခန်းနံရံတွင် ချိတ်ဆွဲထားဆဲ ။ သူက ဆန့်ကျင့်ဘက် သရုပ်ဖော်ပန်းချီကားဆွဲဖို့ မကြာမကြာစိတ်ကူးရသည် ။ “ အပြစ်ရှိခြင်း ” သို့မဟုတ် “ ညစ်ညမ်းခြင်း ” ကို သရုပ်ဖော်သည့် ပန်းချီကား ။ သို့သော် ဆွဲခွင့် မကြုံခဲ့ ။
    နောက်ဆုံးတွင် သူက အကျဉ်းထောင်တစ်ခုသို့   သွားရောက် လေ့လာကြည်ရှုရင်းသူ့ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ အခွင့်ကြုံလာသည် ။ အကျဉ်းထောင်အခန်း၏ စိုထိုင်းထိုင်းကြမ်းပြင်ပေါ်တွင် ထောင်ကျတစ်ယောက်အိပ်နေသည် ။ ထောင်ကျသည် စုတ်ပြတ်ချည့်နဲ့ နေ၏ ။ သူ့ခြေတွေကို သံခြေကျင်းခတ်ထားသည် ။ အရိုးပေါ် အရေတင်နေပြီ ။ မျက်လုံးတွေက ဟောက်ပက် ။ အကုသိုလ်ဒုစရိုက်များသည် သူ့မျက်နှာပေါ်တွင် ထင်ဟပ်နေ၏ ။
          ပန်းချီဆရာ အောင်မြင်သွားသည် ။ အဆိုပါ ထောင်ကျ၏ ပုံတူပန်းချီကားကို ရေးဆွဲလိုက်နိုင်၏ ။ ပန်းချီကားကို “ ညစ်ထေးခြင်း ” ဟု အမည်ပေးသည် ။ သူ့အခန်းနံရံပေါ်၌ “ သန့်စင်ခြင်း ” နှင့် “ ညစ်ထေးခြင်း ” ကိုချိတ်ဆွဲထားသည် ။
          အဆိုပါပန်းချီကား  နှစ်ကားထဲမှ ဇာတ်ကောင် နှစ်ကောင်မှာ တစ်ယောက်တည်း အတူတူဖြစ်နေကြောင်း နောက်မှ သိရသည် ။ ပထမပုံမှာ ကလေးဘ၀က သန့် စင်ခြင်းအပြည့်ရှိနေသည့်ပုံ ၊ ဒုတိယပုံမှာ မကောင်းသည့်အကျင့်များကြောင့် ကိုယ်ရောစိတ်ပါ ညစ်ထေးလာပြီး ညစ်ညမ်းခြင်း အပြည့်ကျရောက်နေသည့်ပုံ ။       
     အကျင့်ဆိုး ၊ စရိုက်ဆိုးများက လူတစ်ဦးအား ဘယ်အတိုင်းအတာအထိ ဒုက္ခပေးနိုင်သည်ကို အထက်ပါ ဥပမာအရ သိသာမြင်သာပါသည် ။ 
 
      ( မြတ်ငြိမ်း ) ရဲ့ THE SECRET OF ACHIEVEMENT  မှ ကောက်နုတ်တင်ပြ လိုက်သည် ။



  









Tuesday, January 10, 2012

LOVE

LOVE

The night has a thousand eyes,
And the day but one;
Yet the light of the bright world dies
with the dying sun.

The mind has a thousand eyes,
And the heart but one;
Yet the light of a whole life dies
When love is done.

Francis William Bourdillon
( 1852-1921 )

ဘ၀အလင်း

ညမှာ မျက်လုံးတစ်ထောင်ရှိသတဲ့
နေ့မှာတော့ တစ်လုံးသာ ။
ဒါပေမဲ့ ၀င်းပပလောကရဲ့
အလင်းဟာ သေအံမူးမူး နေ နဲ့အတူ ကွယ်ပသွားရရှာ . . .

စိတ်မှာ မျက်လုံးတစ်ထောင် ရှိသတဲ့
နှလုံးသားမှာတော့ တစ်လုံးသာ ။
ဒါပေမဲ့ ဘ၀အားလုံးရဲ့
အလင်း ဟာ အချစ်ကုန်သွားတဲ့အခါ ကွယ်ပသွားရရှာ . . .။








THE GOSSIPER


          A woman repeated a bit of gossip about a neighbor. Within a few days the whole community knew the story. The person it concerned was deeply hurt and offended. Later, the woman responsible for spreading the rumor learned that if was completely untrue. She was very sorry and went to a wise old sage to find out what she could do to repair the damage.
          " Go to the marketplace. " he said, " and purchase a chicken, and have it killed. Then on your way home, pluck its feathers and drop them one by one along the road. " Although surprised by this advice, the woman did what she was told.
        The next day  the wise man said, " Now, go and collect all those feathers you dropped yesterday and bring them back to me".
       The woman followed the same road, but to her dismay the wind had blown all the feathers away. After searching for hours, she returned with only three in her hand. " You see," said the old sage, " it's easy to drop them, but it's impossible to get them back. So it is with gossip. It doesn't take much to spread a rumor, but once you do, you can never completely undo the wrong".

Author Unknown
Submitted by Helen Hazinski













 
Blogger Templates