သူငယ်ချင်းသို့ တမ်းချင်း
“ သူငယ်ချင်း သတိရလိုက်တာကွာ .....”
................
မင်းတို့ ငါတို့တွေ
အတူ လျှောက်လှမ်း ပျော်ရွင်ခဲ့ကြတဲ့
တစ်ချိန်တုန်းက ကျောင်းတော်ကြီးရဲ့
ကံကော်လမ်းနှင့် အတူ
မြကန်သာကို
လွမ်းဆွတ်မိရင်း ......
ဟို. ......အဝေးတစ်မြေဆီက
အတ္တ ၊ မာန ၊ လောဘ
မနာလို မစ္ဆရိယ တွေနဲ့
ဟန်ဆောင် ရောယှက်ထားတဲ့
သူငယ်ချင်း အယောင်အဆောင်တွေကြားကနေ
မာန်မာန ဂုဏ်ပကာသန ကင်းစင်ပြီး
ဖြူစင် ရိုးသားလွန်းတဲ့
မင်းတို့ ငါတို့တွေရဲ့
ဘ၀....
ခင်မင်မူတွေကို
ဝေးတစ်မြေဆီကနေ
လွမ်းဆွတ်မိပါသေးရဲ့
သူငယ်ချင်း .......
မသွားပါနဲ့လားလို့
ဝမ်းနည်းမျက်ရည်တွေနဲ့
နှုတ်ခွန်းဆက်ခဲ့တဲ့
မျက်ရည်စက် တစ်စက်ရဲ့
တန်ဖိုးကို ............
တန်ဖိုးထား နားလည်ခဲ့ရပြီ
သူငယ်ချင်း ....
အငို ၊ အပြုး ၊အရီ ( ရယ် )
ခံစားချက် အတုယောင်တွေနဲ့
ကိုယ် နှစ်မွန်းနေချိန်မှာမှ.......
တစ်ချိန်တုန်းက
မင်းတို့ ငါတို့တွေရဲ့
ကြားက တစ်စိမ်းတစ်ယောက်ရဲ့
ဖုန်းထဲကနေ ခံစားချက်တစ်ခုကို
နားလည်တန်ဖိုးထားပေးဖို့
အဝေးမသွားဖို့
တားမြစ်ခဲ့တဲ့
ခံစားချက်တစ်ခုကို လှောင်ရီ ( ရယ် )
ပြယ်ရီ ( ရယ် )ပြု ခဲ့မိတဲ့ .. တို့ ....
“ Sorry .....ပါ ” လို့ ..
တီးတိုးရေရွတ်ရင်း
............
လွမ်းဆွတ်မိပါတယ်
သူငယ်ချင်းတို့၇ယ် ...။
No comments:
Post a Comment