မီးဟုန်းဟုန်း
တောက်တာက
မီးစမီးပွားလေးကြောင့်ပါ ၊
ဒေါသမီးစ
မထားပါနဲ့ ။
( ဓမ္မဒူတ အရှင်ဆေကိန္ဒ )
“ အကြီးမြတ်ဆုံးသော ဘ၀များသည် အသေးအဖွဲ့ ကလေးများဖြင့် ဖွဲ့စည်းတည်ဆောင်ထားသည် ”
တစ်ချိန်က ကမ္ဘာအင်အားကြီးနိုင်ငံများ ဖြစ်ခဲ့သော အင်္ဂလန် ၊ ပြင်သစ် ၊ တူရဂီ နှင့် ရုရှားတို့ပါဝင်
ဖန်တီးခဲ့၏ ။ ထိုစစ်ပွဲစတင်ဖြစ်ပွားသည့်အကြောင်းရင်းမှာ သော့တစ်ချောင်းကို အပ်နှံရန်
ငြင်းဆန်ခဲ့သောကြောင့် ဖြစ်လေသည် ။
ဂျေရုစတင်မြို့မှ ဘုရင်းကျောင်းတစ်ကျောင်းတွင် ဌာပနာကြုတ်တစ်ခုရှိ၏ ။ ထိုဌာပနာကြိုတ်ကို
ဂရိဘုရားကျောင်းက သူတို့ပိုင်သည်ဟုဆိုပြီး သော့ခတ်ထားလိုက်သည် ။ ပြီးတော့ သော့ကို ပေးအပ်ဖို့
ငြင်းဆန်သည် ။ ထိုသို့ ငြင်းဆန်သည့် အတွက် လက်တင်ဘုရားကျောင်းက စိတ်ဆိုးသည် ။
အငြားပွားမှု ပြင်းထန်လာသောအခါ ရုရှားက ဂ၇ိဘုရားကျောင်းဘက်မှ ၀င်ရောက် ရပ်တည်သည် ။
ပြင်သစ်ကလက်တင်ဘုရားကျောင်းဘက်မှ ရပ်တည်သည် ။သို့ဖြင့်အခြေအနေတွေ ရှုပ်ထွေးလာတော့၏ ။
ရုရှားက တူရဂီအနေဖြင့် ဘုရားကျောင်းကို ပြင်ဆင်မှုအချို့ လုပ်ပေးရမည်ဟုတောင်းဆို၏ ။
တူရဂီက တောင်းဆိုချက်ကို ငြင်းပယ်သည် ။ ထိုအခါ တူရဂီ ကို ကူညီနေကျဖြစ်သည့်အင်္ဂလန်က
တူရဂီဘက်မှဝင်ပြီး မားမားရပ်တော့၏ ။ သို့ဖြင့် ရှရှားကို ဆန့်ကျင်ပြီး ပြင်သစ်နှင့် မဟာမိတ်ဖွဲ့လိုက်၏ ။
ထိုသို့ အသေးအဖွဲ့ကလေးများကို ထိပ်တန်းတင်ခြင်း ၊ရွံရှာစက်ဆုပ်ဖွယ် ရန်စခြင်းတို့ကြောင့်
တန်ဖိုးကြီးစွာ ပေးဆပ်ရသော မာလာကော့မြို့သိမ်းတိုက်ပွဲကြီး ဆင်နွှဲဖြစ်တော့၏ ။ ဆီဘတ်စတိုပိုမြို့ရှေ့ရှိ
ကတုတ်ကျင်းတွင်းထဲတွင် ရဲစွမ်းသတ္တိ နှင့် ပြည့်စုံသော ယောက်ျားကောင်းတွေ ထောင်ပေါင်းများစွာ
သေကျေပျက်စီးခဲ့ရ၏ ။
“ အမှိုက်ကစ ပြာသာဒ်မီးလောင် ” ဟူသော မြန်မာစကားပုံ ရှိပါသည် ။သေကျေပျက်စီးခဲ့ရ၏ ။
ထိုနည်းတူ .....
` ဘိုလိုးညား ` အမည်ရှိ ရေတွင်းတစ်တွင်းမှ ရေပုံးတစ်ပုံးကြောင့် စစ်ပွဲနှစ် နှစ်ဆယ်မျှ
ဖြစ်ခဲ့ရသော သမိုင်းကြောင်း တစ်ခု အထင်အရှားရှိခဲ့ပါသေးသည် ။
Modena vs. Bologna
“ မိုဒီနာ၏ ရေပုံး ” အမည်ရှိ ပန်းချီကားသည် အလွန်နာမည်ကြီး၏ ။ အဆိုပါ ပန်းချီကားသည်
ပိုက်စိကင်း၏ “ ခိုက်ရန်ဖြစ်ပွားခြင်း၏ အစ ” ဟူသော စကားကို သရုပ်ဖော်ထားခြင်း ဖြစ်၏ ။
၁၀၀၅ ခုနှစ်တွင် မိုဒီနာတွင် တပ်စွဲထားသည့် ဓနသဟာယတပ်မှ စစ်သားအချို့သည်
ဘိုလိုညားအမည်ရှိ အများပြည်သူပိုင် ရေတွင်းတစ်တွင်းမှ ရေပုံးတစ်ပုံးကို ယူပြီးထွက်ပြေးသွားကြ၏ ။
အဆိုပါ ရေပုံးမှာ တန်လှလျှင် တစ်သျှီလင်သာ ရှိ၏ ။ သို့သော် သည်ရေပုံးကလေး တစ်ပုံးပေါ်တွင်
အခြေခံပြီး ငြင်းခုံ ရန်ဖြစ်လိုက်ကြသည်မှာ စစ်ပွဲကြီးတစ်ပွဲ ပေါ်ပေါက်လာသည့်အထိ ဖြစ်လေသည် ။
အဆိုပါ စစ်ပွဲသည် နှစ် နှစ်ဆယ်မျှ ကြာမြင့် ခဲ့လေသည် ။
THE SECRET OF ACHIEVEMENT
No comments:
Post a Comment