ဘာကို အခြေခံပြီး ဆက်ဆံမလဲ
လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကိုယ့်ရဲ့ အရည်အချင်းတွေနဲ့
ကိုယ့်ရဲ့ ဘဝဦးတည်ချက်ကို အခြေခံပြီးတော့ ဆက်ဆံမှ
လေးနက်တဲ့ ဆက်ဆံရေးဖြစ်မယ် ။
လူတွေဟာ သူများက ကိုယ့်အကြောင်းကို ဘာပြောနေကြသလဲ သူများက ကိုယ့်ကိုဘယ်လို ထင်
ကြသလဲဆိုတာကို မှီပြီးတော့ ကိုယ့်ကိုယ်ကို ဘယ်လိုဆိုတဲ့ စိတ်မျိုးဖြစ်တယ် ။
အခုခေတ်လူတွေဟာ ပတ်ဝန်းကျင်ပေါ်မှာ ၊ တခြားလူတွေပေါ်မှာ မှီခိုမှု အင်မတန် ကြီးမားလာ တဲ့အတွက် ပတ်ဝန်းကျင်က လူတွေကမှ သူ့ကို တစ်နည်းနည်းနဲ့ အသိအမှတ်မပြုလို့ရှိရင် သူပျောက်သွား တော့မတတ် စိတ်ထဲမှာ ခံစားရတယ် ။ ဒါကြောင့် social acceptance လို့ခေါ်တဲ့ ပတ်ဝန်း ကျင်အသိုင်းအဝိုင်းက ကိုယ့်ကိုလက်ခံတာ ၊ ကိုယ့်ကို ခဏခဏ အလည်ခေါ်တာတို့ ဖိတ်တာတို့ လုပ်တာ၊ ကိုယ့်ကို သဘောကျတာဟာ ကိုယ်ရဲ့အဖော်မဲ့ အထီးကျန်ဖြစ်နေတဲ့ ခံစားချက်ကို ခဏသက်သာစေတယ် ။ ငါ့မှာ အဖော်ရှိတယ်ဆိုတဲ့ ခံစားချက် ဖြစ်တယ် ။
သူ့အနားမှာ လူတွေဝိုင်းပြီးတော့ သူပြောတာကို နားထောင်နေတယ် ။ အဲဒီအဖွဲ့ထဲမှာ အုပ်စု ထဲမှာ ရောနှောပြီးတော့ တသားထဲ ဖြစ်သွားတယ် ။ အဲဒီလို ဝိုင်းဖွဲ့ပြီးတော့ ကိုယ့်ကိုယ်ကို မေ့ပျောက်ပြီး တော့ ဘာမှအရေးမကြီးတာတွေကို အဆက်မပြတ်ပြောနေရတဲ့ အချိန်မှာ ကိုယ့်အကြောင်းကို ကိုယ် မတွေးမိတော့ဘူး ။ ကိုယ့်ဘဝကို ကိုယ် မတွေးမိတော့ဘူး ။ ကိုယ်အဖော်မဲ့နေတာကို မတွေးမိတော့ဘူး ။ အဲဒီအချိန်မှာ ခဏလောက် loneliness ခံစားမှုက ပျောက်သွားတယ် ။
အဲဒီလို ခဏသက်သာအောင်ပဲ လုပ်နေတဲ့သူက ခိုင်မာရင့်ကျက်တဲ့ စိတ်ဓာတ်ကို မရနိုင်ဘူး ။ loneliness ခဏပျောက်သွားတာနဲ့အတူ လေးနက်တဲ့ ဦးတည်ချက် ရည်မှန်းချက် ၊ ရင့်ကျက်တဲ့ စိတ်နေ သဘောထားတွေကို လေ့ကျင့်ပြုစုပျိုးထောင်ဖို့ အခွင့်အရေးတွေလည်း ဆုံးရှုံးသွားတယ် ။ အဲဒါ သူပေးလိုက်
ရတဲ့ လူစုလူဝေးထဲမှာပဲ ကိုယ်ပါ ပျောက်သွားတယ် ။ ကိုယ့်ဘဝပါ ပျောက်သွားတယ် ။
အဲဒီလိုလုပ်လိုက်ခြင်းအားဖြင့် loneliness ဆိုတာကို ကျော်လွန်နိုင်ဖို့ ၊ လွန်မြောက်နိုင်ဖို့ အတွက် အရေးကြီးဆုံးဖြစ်တဲ့ ကိစ္စ တစ်ခုကို ဆုံးရှုံးသွားပြီ ။ Loneliness ဆိုတာကို ကျော်လွန်နိုင်ဖို့ ၊ လွန်မြောက်နိုင်ဖို့ အရေးကြီးဆုံးဖြစ်တဲ့အလုပ်ဟာ ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ အရည်အသွေးတွေ ၊ အရည် အချင်းတွေကို ထွက်ပေါ်လာအောင် ၊ တိုးတက်လာအောင် ၊ အားကောင်းလာအောင် ၊ ပြုစုပျိုးထောင်ဖို့ဆိုတဲ့ အလုပ်ပဲ ။
ခဏသက်သာအောင်လုပ်တဲ့သူဟာ သူ့စိတ်ထဲမှာ အင်အားရှိတဲ့ သူတစ်ယောက်ဖြစ်အောင် လုပ်ဖို့ ခဲယဉ်းသွားပြီ ။ ပြီးတော့ Sense of direction ဆိုတဲ့ ကိုယ်ဘယ်ကို ဦးတည်ပြီးသွားနေသလဲ ၊ ကိုယ့်ဘဝမှာ အရေးကြီးဆုံးအလုပ်က ဘာလဲ ၊ အဲဒါလဲ မသိတော့ဘူး ။ အပေါင်းအဖေါ်နဲ့ အချိန်များများ ဖြုန်းတဲ့သူဟာ လေးနက်တဲ့ ဘဝဦးတည်ချက်ကို မျက်ခြေပြတ်သွားမယ် ။
ကိုယ့်စိတ်ထဲမှာရှိတဲ့ အင်အား ကိုယ့်စိတ်ထဲမှာရှိတဲ့ အရည်အချင်းတွေနဲ့ ကိုယ့်ရဲ့ဘ၀ ဦးတည်ချက်ကို အခြေခံပြီးတော့ လူတွေနဲ့ထိထိရောက်ရောက် ဆက်ဆံသွားရမှာနော် ။ အရည်အချင်း မရှိ တဲ့သူ ၊ လေးနက်တဲ့ ဦးတည်ချက် မရှိတဲ့သူဟာ အဓိပ္ပ္ပ္ပါယ်ရှိတဲ့ ဆက်ဆံရေးကို မတည်ဆောက်နိုင်ဘူး ။
ခဏလောက် အဖေါ်မဲ့တဲ့ခံစားမှု သက်သာအောင် လုပ်တဲ့သူဟာ လေးနက်တဲ့ဦးတည်ချက် ရှိအောင် မလုပ်နိုင်တော့ဘူး ၊ အဲဒီတော့ သူဟာ ဘယ်လို ဖြစ်သွားမလဲဆိုရင် ၊ မရေရာတဲ့လူတစ်ယောက် ဖြစ်သွားမယ် ။ အဲသလို မရေရာတဲ့သူဟာ အဖော်မဲ့အထီးကျန် ပိုပြီးတော့ဖြစ်မယ် ။
လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကိုယ့်ရဲ့ အရည်အချင်းတွေနဲ့ ကိုယ့်ရဲ့ ဦးတည်ချက်ကို အခြေခံ ပြီးတော့ ဆက်ဆံမှ လေးနက်တဲ့ ဆက်ဆံရေးဖြစ်မယ် ။ ဘာအရည်အချင်းမှ မရှိတဲ့သူ ၊ ဘာဦးတည်ချက်မှ မရှိတဲ့သူဟာ ဘာကို အခြေခံပြီး ဆက်ဆံမလဲ ။
Hollow ဖြစ်နေတဲ့သူတွေဟာ ချစ်တတ်ဖို့ရာအတွက် သူတို့မှာ အခြေခံမရှိဘူး ။ သူတို့က loneliness ပျောက်ဖို့ပဲ ကြိုးစားနေရတယ် ။
ဆရာတော် ဦးဇောတိက